ဂျပန်က သစ်သားနဲ့ ပြုလုပ်ထားတဲ့ ကမ္ဘာ့ ပထမဆုံး ဂြိုလ်တုကို ၂၀၂၃ ခုနှစ်မှာ လွှင့်တင်မည်

ဂျပန်ဟာ သစ်သားနဲ့ ပြုလုပ်ထားတဲ့ ကမ္ဘာ့ ပထမဆုံး ဂြိုလ်တုကို ၂၀၂၃ ခုနှစ်မှာ လွှင့်တင်ဖို့ စီစဉ်ထားပါတယ်။ သစ်သားဟာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသလို ကုန်ကျစားရိတ်သက်သာတဲ့အတွက် အာကာသ စူးစမ်းလေ့လာရေးမှာ အခုလို အသုံးချတာပါ။

အဲဒီ ဂြိုလ်တုရဲ့ အပြင်ဘက်ကို သစ်သားနဲ့ တည်ဆောက်ထားပြီး လုပ်ငန်းတာဝန်ပြီးဆုံးလို့ ကမ္ဘာမြေရဲ့ လေထုထဲ ပြန်လည် ဝင်ရောက်လာတဲ့အခါ သစ်သားဟာ လောင်ကျွမ်းပျက်ဆီးသွားမှာ ဖြစ်တယ်လို့ ကျိုတို တက္ကသိုလ်နဲ့ စူမီတိုမို Forestry Co တို့ ပူးပေါင်း အဖွဲ့က ပြောပါတယ်။

Japan Plans To Launch World's First Wooden Satellite In 2023

ဂြိုလ်တုတွေမှာ လက်ရှိ သုံးနေတဲ့ အလူမီနမ်ထက် သစ်သားဟာ ပိုမို ဈေးသက်သာပြီး Electromagnetic လှိုင်းတွေဟာ သစ်သားကို ဖောက်နိုင်တဲ့အတွက် ဂြိုလ်တုထဲမှာ အန်တင်နာ တပ်ဆင်နိုင်ပါတယ်။ ဂြိုလ်တုရဲ့ ဘေးပတ်လည်ဟာ ၁၀ စင်တီမီတာရှိပြီး စတုရန်း ပုံသဏ္ဌာန် ဖြစ်ပါတယ်။ အပြင်ဘက်မှာ သစ်သား၊ Solar Cell တွေနဲ့ တည်ဆောက်ထားပါတယ်။

A Japanese forestry firm wants to put wooden satellites into orbit | The Economist

ကျိုတို တက္ကသိုလ်နဲ့ ကျိုတို အခြေစိုက် သစ်သားထုတ်ကုန် ကုမ္ပဏီဟာ အာကာသမှာ သစ်သားရဲ့ အကြမ်းခံမှုကို စမ်းသပ်မှာ ဖြစ်ပြီး ဖေဖော်ဝါရီလလောက် ဖြစ်နိုင်ပါတယ်။ ကျိုတို တက္ကသိုလ်က အခု စီမံကိန်းသာ အောင်မြင်မယ်ဆိုရင် ကလေးတွေတောင် သစ်သားနဲ့ ဂြိုလ်တုတွေ ပြုလုပ်နိုင်မယ်လို့ ပြောပါတယ်။

Ref : asia.nikkei

%d bloggers like this: