Mercedes-Benz က Tesla ထက် ဝေးဝေးပိုမောင်းနိုင်တဲ့ ဒီဇိုင်း အမိုက်စား လျှပ်စစ်ကားကို ပြသ

Mercedes-Benz ဟာ Vision EQXX လို့ခေါ်တဲ့ Concept လျှပ်စစ်ကား ၁ စီးကို တနင်္လာနေ့က ပြသလိုက်ပါတယ်။ အဲဒီကားကို မကြာခင် ရောင်းချမှာတော့ မဟုတ်ပေမယ့် Mercedes အနာဂတ်မှာ ထုတ်မယ့် လျှပ်စစ်ကားတွေရဲ့ စွမ်းရည်တွေကို လေ့လာနိုင်မှာပါ။

Mercedes-Benz Vision EQXX concept EV.

လျှပ်စစ်ကားလို့ ဆိုလိုက်ရင် မောင်းနှင်နိုင်တဲ့ အကွာအဝေးကို စိုးရိမ်မိကြမှာပါ။ Mercedes က အဲဒီ ပြဿနာဟာ Vision EQXX မှာ စိုးရိမ်စရာ မဟုတ်ဘဲ အားအပြည့်သွင်းထားရင် မိုင် ၆၂၀ မောင်းနှင်နိုင်တယ်လို့ ပြောပါတယ်။ Mercedes ပြောတာသာ မှန်မယ်ဆိုရင် EQXX ဟာ အဝေးဆုံး မောင်းနိုင်တဲ့ Tesla ကားထက် မိုင် ၂၀၀ ပိုဝေးဝေး မောင်းနှင်နိုင်မှာပါ။

Mercedes-Benz Vision EQXX concept EV.

Mercedes ဟာ လေအဟုန်ကို ပိုခွင်းနိုင်အောင် EQXX ရဲ့ အရှေ့ပိုင်းကို ကုမ္ပဏီရဲ့ စွမ်းရည်မြင့် လျှပ်စစ်ကား EQS ထက်ပိုချွန်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ ပွတ်တိုက်မှုကို လျှော့ချပေးတဲ့ အထူးထုတ် တာယာတွေနဲ့ ပေါ့ပါးတဲ့ မက်ဂနီဆီယမ် ဘီးတွေကို အသုံးပြုထားပါတယ်။ Mercedes ဟာ ကား အလေးချိန်ကို တတ်နိုင်သလောက် လျှော့ချဖို့အတွက် ကား အစိတ်အပိုင်းတွေကို ဖယ်ရှားထားသလို 3D-Printed အစိတ်အပိုင်းတွေကို သုံးထားပါတယ်။ အဲဒီအတွက် EQXX ဟာ ၃,၈၀၀ ပေါင်ပဲ အလေးချိန်ရှိကာ EQS Sedan ထက် ၁ တန်လောက် အလေးချိန် နည်းပါးပါတယ်။

Mercedes-Benz Vision EQXX concept EV.

ကုမ္ပဏီက စွမ်းရည် ပိုမြင့်တဲ့ ဘက်ထရီကိုလည်း ဖန်တီးထားပြီး ကားအမိုးမှာ တပ်ဆင်ထားတဲ့ Solar Panel တွေကနေ ၁၅ မိုင် ပိုမိုမောင်းနှင်နိုင်မှာပါ။

Mercedes-Benz Vision EQXX concept EV.

Mercedes-Benz Vision EQXX concept EV.

တန်ဖိုးကြီး ကားအတွင်းပိုင်း မပါရင် Mercedes လို့ မပြောနိုင်ပါဘူး။ ကာဘွန်ထုတ်လုပ်တာကို လျှော့ချပေးဖို့အတွက် ကားအတွင်းပိုင်းမှာ ရေရှည်တည်တန့်တဲ့ အစိတ်အပိုင်းတွေကို အသုံးပြုထားပြီး ကားတံခါးဖွင့်တဲ့ လက်ကိုင်တွေကို Vegan ပိုးသားတွေနဲ့ ဒီဇိုင်းဆန်းစွာ ဖန်တီးထားပါတယ်။ မှိုနဲ့ ရှားစောင်းပင်ကနေ ထုတ်လုပ်ထားတဲ့ Vegan သားရေတွေ ထည့်သွင်းထားတယ်လို့ Mercedes က ပြောပါတယ်။ ကားအတွင်းပိုင်းရဲ့ တချို့ မျက်နှာပြင်တွေကို စွန့်ပစ် ပလတ်စတစ် ဘူးတွေနဲ့ ဖန်တီးထားပါတယ်။

Mercedes-Benz Vision EQXX concept EV.

Vision EQXX မှာ ကုမ္ပဏီရဲ့ အနာဂတ် In-car Screen နည်းပညာကို လေ့လာနိုင်ပြီး ကား Dashboard တစ်လွှားမှာ ၄၇.၅ လက်မ ရှိတဲ့ Screen တပ်ဆင်ထားပါတယ်။

Mercedes-Benz Vision EQXX concept EV.

Mercedes ဟာ လျှပ်စစ်ကား နည်းပညာကို တော်လှန်ဆန်းသစ်အောင် ကြိုးစားနေပါတယ်။ အခု EQXX Concept ကားမှာ ကုမ္ပဏီရဲ့ အနာဂတ် လျှပ်စစ်ကား နည်းပညာနဲ့ ဒီဇိုင်းတွေကို လေ့လာနိုင်ပါတယ်။

Ref : businessinsider

%d bloggers like this: