Apple ဟာ ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီကြီး ဖြစ်ပြီး ကွန်ပြူတာ ဖန်တီးတဲ့ ကုမ္ပဏီ အဖြစ် စတင် တည်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ စမတ်ဖုန်း ၊ ကွန်ပြူတာ ၊ ချပ်ဝတ်တန်ဆာ ကွန်ပြူတာတွေကိုပါ ထုတ်လုပ်ရောင်းချနေပါတယ်။ ဒါတင်မကသေးဘဲ Apple ဟာ AR/VR နည်းပညာတွေကို တီထွင်နေသလို ကားတွေကိုပါ ထုတ်လုပ်ရောင်းချဖို့ ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့မှာ Apple ဟာ ဒေါ်လာ ၃ ထရီလီယမ် တန်ကြေးရှိတဲ့ ကမ္ဘာ့ ပထမဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။ ဒေါ်လာ ၁ ထရီလီယမ် ကျော်ပြီး ၃ နှစ်အကြာနဲ့ ဒေါ်လာ ၂ ထရီလီယမ်ကျော်ပြီး ၁ နှစ်အကြာမှာ အခုလို ဒေါ်လာ ၃ ထရီလီယမ် တန်ကြေးရှိတဲ့ ကုမ္ပဏီ ဖြစ်လာတာပါ။
Apple ရဲ့ စတော့ရှယ်ယာ တန်ဖိုးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ၁၈၂.၈၈ ဒေါ်လာ အထိ မြင့်မားခဲ့တဲ့အတွက် Apple ရဲ့ ဈေးကွက် တန်ဖိုးဟာ ဒေါ်လာ ၃ ထရီလီယမ် ကျော်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စတော့ ဈေးကွက်ပိတ်ချိန်မှာတော့ Apple ရဲ့ စတော့ရှယ်ယာ တန်ဖိုးဟာ ၁၈၂.၀၁ ဒေါ်လာသို့ ပြန်ကျသွားတဲ့အတွက် Apple ရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၂.၉၉ ထရီလီယမ်သို့ ပြန်ကျသွားပါတယ်။ ဒါပေမယ့်လည်း Apple ဟာ ဒေါ်လာ ၃ ထရီလီယမ် တန်ကြေးရှိတဲ့ ပထမဆုံး ကုမ္ပဏီ အဖြစ် သမိုင်းမှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။
Ref : gizchina
You must log in to post a comment.