Kawasaki က မောင်းသူမဲ့ ကုန်တင် လေယာဉ်ကို အောင်မြင်စွာ စမ်းသပ်ပျံသန်း

Kawasaki Heavy Industries က မောင်းသူမဲ့ ကုန်တင် လေယာဉ်ကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ မောင်းသူမဲ့ လေယာဉ်ကို K-RACER X1 လို့ နာမည်ပေးထားပြီး သူ့မှာ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ပေးနိုင်တဲ့ စက်ရုပ်လည်း ပါပါတယ်။ ကုန်ပစ္စည်း သယ်ယူပို့ဆောင်တဲ့ နယ်ပယ်မှာ လူသား ဝန်ထမ်းတွေ ရှားပါးလာတာကို ဖြေရှင်းဖို့ အခု မောင်းသူမဲ့ ကုန်တင် လေယာဉ်နဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်တဲ့ စက်ရုပ်ကို တီထွင်တာ ဖြစ်ပါတယ်။

PoC testing overview

Kawasaki Heavy Industries က ဗီဒီယို ၁ ခုကို မျှဝေထားပြီး ကုန်ပစ္စည်း သယ်ယူပို့ဆောင်တဲ့ စက်ရုပ်ဟာ လေယာဉ်ရှိရာကို အလိုအလျှောက် သွားနိုင်ပါတယ်။ စက်ရုပ်ဟာ လေယာဉ်အောက်ခြေက ကုန်ပစ္စည်း သယ်ဆောင်တဲ့ နေရာကို ရောက်သွားပြီးချိန်မှာ လေယာဉ်က စတင် ထွက်ခွာသွားပြီး သတ်မှတ် တည်နေရာကို ရောက်လို့ လေယာဉ် ရပ်နားလိုက်တဲ့ အချိန်မှာ စက်ရုပ်ဟာ ကုန်ပစ္စည်းကို သတ်မှတ်တည်နေရာသို့ သယ်ဆောင်သွားပါတယ်။

Kawasaki ရဲ့ မောင်းသူမဲ့ ကုန်တင် လေယာဉ်ဟာ VTOL အမျိုးအစား ဖြစ်ပြီး မြေပြင်ကနေ ဝေဟင်၊ ဝေဟင်ကနေ မြေပြင်ကို ဒေါင်လိုက် အတက်၊ အဆင်း ပြုလုပ်နိုင်ပါတယ်။ လေယာဉ်ဟာ  အလေးချိန် ၁၀၀ ကီလိုဂရမ်ကို သယ်ဆောင်နိုင်ပါတယ်။

Kawasaki ရဲ့ မောင်းသူမဲ့ ကုန်တင် လေယာဉ်ဟာ မြေပြင်မှာ ကားလမ်း ပိတ်ဆို့တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်သလို ဝေးလံခေါင်ဖျားတဲ့ တည်နေရာတွေကို ကုန်ပစ္စည်း ပို့ဆောင်ရာမှာလည်း အသုံးဝင်မှာ ဖြစ်ပါတယ်။

Ref : inceptivemind

 

%d bloggers like this: