၄၅ စက္ကန့်အတွင်း ပီဇာ တစ်ချပ် လုပ်ပေးနိုင်တဲ့ စက်ရုပ် စားသောက်ဆိုင်ကို SpaceX ရဲ့ ယခင် အင်ဂျင်နီယာ ၃ ယောက် တည်ထောင်

Stellar Pizza လို့ နာမည်ပေးထားတဲ့ စက်ရုပ်စားသောက်ဆိုင်ဟာ ပီဇာ တစ်ချပ်ကို ၄၅ စက္ကန့်အတွင်း ပြုလုပ်ပေးနိုင်ပြီး ၂၀၂၂ ခုနှစ်အတွင်း လော့စ်အင်ဂျလိစ်မှာ စတင် ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီကို ၂၀၁၉ ခုနှစ် မေလမှာ SpaceX ရဲ့ ယခင် အင်ဂျင်နီယာ ၃ ယောက် ဖြစ်တဲ့ Benson Tsai, Brian Langone နဲ့ James Wahawisan တို့က တည်ထောင်ခဲ့တာပါ။

Stellar Pizza machine

Stellar Pizza ရဲ့ စီအီးအို Tsai က Elon Musk ရဲ့ ကုမ္ပဏီမှာ ၅ နှစ် အလုပ်လုပ်ဲ့ပြီး ဒုံးပျံနဲ့ ဂြိုလ်တုတွေအတွက် အဆင့်မြင့် ဘက်ထရီတွေကို ဖန်တီးခဲ့ပါတယ်။ သူဟာ SpaceX ရဲ့ ယခင် ဝန်ထမ်း ၂၃ ယောက်ကျော်နဲ့ ပူးပေါင်းပြီး လူရဲ့ အကူအညီလုံးဝ မလိုအပ်တဲ့ ပီဇာ ဖန်တီးတဲ့ စက်ရုပ်ကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ပီဇာ ဖန်တီးတဲ့ စက်ရုပ်ဟာ ထရပ်ကား အနောက်ဘက်မှာ ထည့်သွင်းထားနိုင်ပါတယ်။

Stellar Pizza van

Stellar Pizza ရဲ့ ပီဇာ ဖန်တီးတဲ့ စက်ရုပ်ဟာ ပီဇာကို ဖုတ်တာ၊ Topping ထည့်သွင်းတာတွေကို စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း ပြုလုပ်ပေးနိုင်ပါတယ်။ အရင်ဆုံး ပီဇာ ဂျုံသားကို စက်ရုပ်မှာ ထည့်သွင်းရမှာ ဖြစ်ပြီး စက်ရုပ်က စက်ဝိုင်းပုံ ဖန်တီးပေးပါတယ်။ ဂျုံသား အဆင်သင့် ဖြစ်ပြီဆိုရင် စက်ရုပ်က Topping၊ ဆော့စ်နဲ့ တခြား ပါဝင် ပစ္စည်းတွေ ထည့်သွင်းပေးပါတယ်။ အဲဒီနောက်မှာ ပီဇာကို Oven ထဲ စက်ရုပ်က ထည့်သွင်းပြီး အရသာရှိတဲ့ ပီဇာ တစ်ချပ်ကို ဖန်တီးပေးပါတယ်။

Stellar Pizza machine

ကုမ္ပဏီက Pepperoni နဲ့ Supreme ပီဇာတွေကို ရောင်းချပေးမှာ ဖြစ်ပြီး စားသုံးသူတွေဟာ သူတို့နှစ်သက်တဲ့ Topping တွေနဲ့ ကိုယ်တိုင် ပီဇာတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

Stellar Pizza

Ref : businessinsider

%d bloggers like this: