ကျင်ငယ်ရေကနေ လျှစ်စစ် ဓါတ်အား ထုတ်လုပ်နိုင်ပြီ

ကမ္ဘာကြီးရဲ့ လူသား ဘီလီယမ်လောက်ဟာ လျှပ်စစ် ဓါတ်အား မရကြသေးဘဲ ရေရှည်တည်တန့်နိုင်တဲ့ လျှပ်စစ် စွမ်းအင် လိုအပ်နေပါသေးတယ်။ အခုတော့ ကိုလမ်ဘီယာက ရေရှည်တည်တန့်နိုင်တဲ့ စွမ်းအင်တွေကို ဖန်တီးနေတဲ့ ကုမ္ပဏီ E-Dina က အဲဒီ ပြဿနာကို ဖြေရှင်းပေးတော့မှာ ဖြစ်ပါတယ်။

E-Dina's WaterLight converts salt water and urine into electricity.

E-Dina က ကျင်ငယ်ရေနဲ့ ပင်လယ် ဆားငန်ရေကကနေ လျှပ်စစ် ဓါတ်အား ထုတ်လုပ်ပေးနိုင်တဲ့ မီးအိမ်ကို ဖန်တီးလိုက်ပါတယ်။ မီးအိမ်ကို WaterLight လို့ နာမည်ပေးထားပြီး ကိုလမ်ဘီယာ အေဂျင်စီ ၁ ခု ဖြစ်တဲ့ Wunderman Thompson နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။

E-Dina's WaterLight converts salt water and urine into electricity.

မီးအိမ်မှာ ကျင်ငယ်ရေ သို့မဟုတ် ဆားငန်ရေ ၅၀၀ မီလီလီတာ ထည့်သွင်းထားရမှာ ဖြစ်ပြီး ၄၅ ရက်တောင် အသုံးခံပါတယ်။ WaterLight ဟာ အရွယ်သေး Power Generator အဖြစ်လည်း အလုပ်လုပ်နိုင်ပြီး မိုဘိုင်းနဲ့ အီလက်ထရောနစ် ကိရိယာတွေကို USB Port ကနေ အားသွင်းပေးနိုင်ပါတယ်။ တံငါသည်တွေ ညအချိန်မှာ ငါးမျှားထွက်နိုင်အောင် ကူညီပေးနိုင်ပါသေးတယ်။

Wunderman Thompson က အဲဒီ မီးအိမ်ဟာ ပြန်လည် ဖြည့်တင်းနိုင်တဲ့ စွမ်းအင်ကို အသုံးပြုထားပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ထုတ်လုပ်ရောင်းချနိုင်အောင် ကြိုးစားမယ်လို့ ပြောပါတယ်။

Ref : inceptivemind

%d bloggers like this: