Elon Musk က ၅ နှစ်ကနေ ၁၀ နှစ်အတွင်း အင်္ဂါဂြိုလ်ကို လူသားတွေ ပို့ဆောင်ပေးမယ်လို့ ပြော

Elon Musk က လာမယ့် ၅ နှစ်ကနေ ၁၀ နှစ်အတွင်း အင်္ဂါဂြိုလ်ကို Starship ဒုံးပျံနဲ့ လူသားတွေ ပို့ဆောင်ပေးမယ်လို့ ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က Lex Fridman Podcast နဲ့ အင်တာဗျူးမှာ Fridman က SpaceX ဟာ အင်္ဂါဂြိုလ်ကို ဘယ်အချိန် လူသားတွေကို ပို့ဆောင်ပေးနိုင်မလဲလို့ မေးမြန်းတဲ့အခါ သူက အခုလို ဖြေကြားခဲ့တာပါ။ သူက အစောဆုံး အနေနဲ့ ၅ နှစ် နောက်အကျဆုံး အနေနဲ့ ၁၀ နှစ်အတွင်း ပို့ဆောင်ပေးမယ်လို့ ပြောခဲ့တာပါ။

SpaceX CEO Elon Musk believes there's a 70 percent chance he moves to Mars | TechSpot

Musk က “ အင်္ဂါဂြိုလ်ကို လူသားတွေ ပို့ဆောင်ပေးနိုင်မယ့် အချိန်ကို ခန့်မှန်းရတာ ဒုံးပျံကို သယ်ဆောင်ပေးတဲ့ Engineering နည်းပညာနဲ့ သက်ဆိုင်ပါတယ်။ Starship ဟာ ဖန်တီးခဲ့ဖူးသမျှထဲမှာ အရှုပ်ထွေးဆုံးနဲ့ အဆင့်အမြင့်ဆုံး  ဒုံးပျံ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Life on Mars? Elon Musk says Starship rockets 'designed to make life multiplanetary' | Fox Business

SpaceX နဲ့ Tesla CEO ဖြစ်သူ Elon Musk ဟာ အင်္ဂါဂြိုလ်ကို လူသားတွေ ပို့ဆောင်ပေးမယ့် အချိန်နဲ့ ပတ်သက်ပြီး အရင်က ကြိမ်ဖန်များစွာ ခန့်မှန်းခဲ့ဖူးပါတယ်။ ဖေဖော်ဝါရီလက Audio App Clubhouse နဲ့ အင်တာဗျူးမှာ အင်္ဂါဂြိုလ်ကို လူသားတွေ ပို့ဆောင်ဖို့ ၅ နှစ်ခွဲလောက် ကြာမယ်လို့ ပြောခဲ့ပါတယ်။  မတ်လတုန်းက SpaceX ဟာ လူသားတွေကို အင်္ဂါဂြိုလ်သို့ ၂၀၃၀ ခုနှစ် မတိုင်ခင် ပို့ဆောင်ပေးနိုင်မယ်လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

Musk ဟာ Starship ဒုံးပျံ ၁၀၀၀ ကို တည်ဆောက်ပြီး ၁ ရက် ၃ စီးနဲ့ လူသားတွေကို အင်္ဂါဂြိုလ်သို့ ပို့ဆောင်ပေးဖို့တောင် စဉ်းစားထားပါတယ်။

Ref : businessinsider

%d bloggers like this: