လပေါင်းများစွာ သတင်းပေါက်ကြားပြီးနောက်မှာ Xiaomi 12 Series ကို တရားဝင်ကြေညာလိုက်ပါပြီ။
Xiaomi 12
Xiaomi 12 ဟာ Xiaomi ရဲ့ စွမ်းရည်မြင့် ဖုန်းတွေထဲမှာ မျက်နှာပြင် အသေးဆုံး ဖြစ်လာပြီး ၆.၂၈ လက်မ AMOLED FHD+ မျက်နှာပြင် ပါပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Corning Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။
Xiaomi 12 မှာ 50MP Sony IMX 766 Sensor , 13MP Ultrawide နဲ့ 5MP Tele-macro ကင်မရာ ၃ လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ 67W Wired Fast Charging , 50W Wireless Charging နဲ့ 10W Reverse Wireless Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ နောက်ဆုံးထုတ် MIUI 13 မောင်းနှင်ထားပါတယ်။
Black , Blue နဲ့ Pink အရောင်တွေနဲ့အတူ အထူးထုတ် Green Vegan Leather Version ထုတ်လုပ်ပေးထားပါတယ်။ 8/128GB ပါတဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃,၆၉၉ ယွမ် သတ်မှတ်ထားပြီး လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၁၀ သိန်းလောက်ကျသင့်မှာပါ။ 8/256GB ကို ၃,၉၉၉ ယွမ်နဲ့ 12/256GB ကို ၄,၃၉၉ ယွမ် သတ်မှတ်ထားကာ တရုတ်မှာ ဒီလ ၃၁ ရက်နေ့ ရောင်းမှာပါ။ နိုင်ငံတကာမှာ ရောင်းမယ့်အချိန်ကို မသိရသေးပါဘူး။
Xiaomi 12 Pro
Xiaomi 12 Pro မှာ ၆.၇၃ လက်မ 1440p မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Variable Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။
50MP Sony IMX707 ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး ၁ လုံးက Main , နောက် ၁ လုံးက Portrait Lens နဲ့ နောက်ဆုံး ၁ လုံးက Ultrawide တွေ ဖြစ်ပါတယ်။ Subject ရဲ့ မျက်နှာတွေနဲ့ တခြား Background Element တွေကို Lock လုပ်ပေးနိုင်တဲ့ Fast Auto-focus နည်းပညာ ဖြစ်တဲ့ CyberFocus ကို Xiaomi က ဖန်တီးထည့်သွင်းထားပါတယ်။ ညအချိန်မှာ အလင်းရောင်ကို ပိုမိုဖမ်းယူပေးနိုင်တဲ့ Night Mode အသစ် ပါလာပြီး Noise Level ကို လျှော့ချပေးနိုင်ပါတယ်။
4,600mAh ဘက်ထရီကို Cell ၂ ခုမှာ ထည့်သွင်းထားပြီး 120W Wired Fast Charging နဲ့ 50W Wireless Charging ထောက်ပံ့ထားပါတယ်။
Xiaomi 12 Pro ရဲ့ တန်ဖိုးအနည်းဆုံး 8/128GB ကို ၄,၆၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁၃ သိန်းလောက်ကျသင့်ပါတယ်။ 8/256GB ကို ၄,၉၉၉ ယွမ်နဲ့ 12/256GB ကို ၅,၃၉၉ ယွမ် သတ်မှတ်ထားပါတယ်။ တရုတ်မှာ ဒီလ ၃၁ ရက်နေ့ ရောင်းမှာ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။
Ref : gsmarena
You must log in to post a comment.