ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ကျောင်းသူ ၁ ယောက်က သက်တမ်း နှစ်ပေါင်း ၄၀၀ ခံတဲ့ ဘက်ထရီကို မတော်တဆ ဖန်တီးလိုက်နိုင်ပါတယ်။ အားပြန်လည်သွင်းလို့ရတဲ့ ဘက်ထရီတွေရဲ့ Life Cycle ဟာ ၃၀၀ ကနေ ၅၀၀ အတွင်းပဲရှိကြပြီး နှစ်အနည်းငယ်ပဲ အသုံးခံပါတယ်။
အခု ကျောင်းသူ တီထွင်လိုက်တဲ့ ဘက်ထရီရဲ့ Life Cycle ဟာ ၂၀၀,၀၀၀ အထိ ရှိတဲ့အတွက် နှစ်ပေါင်း ၄၀၀ လောက် အသုံးပြုလို့ရပါတယ်။ အဲဒီ ဘက်ထရီကို Nanowire နဲ့ ဖန်တီးထားတာ ဖြစ်ပြီး ဘက်ထရီ သက်တမ်းကို ကြာရှည်စေပါတယ်။
သူမဟာ အချိန် ၃ လလောက် ယူကာ အဲဒီ ဘက်ထရီကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းမှာ Life Cycle ၁၀,၀၀၀ ရခဲ့ပြီး နောက်ပိုင်းမှာ ၃၀,၀၀၀ အထိ တိုးတက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ၂၀၀,၀၀၀ အထိ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
သူမရဲ့ အခု တီထွင်မှုကြောင့် လက်ပ်တော့ ဘက်ထရီတွေရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၄၀၀ လောက် အသုံးခံတော့မှာ ဖြစ်ပါတယ်။ သူမဟာ အဲဒီ ဘက်ထရီကို ထုတ်ကုန်တွေမှာ ထည့်သွင်းဖို့ ကြိုးစားနေကြပါတယ်။
Ref : expertistnetwork
You must log in to post a comment.