Huawei ဟာ Mate X Foldable Series မျိုးဆက် ၃ ခုကို ကြေညာပြီးနောက်မှာ ပထမဆုံး ခေါက်လို့ရတဲ့ Foldable ဖုန်းကို ကြေညာလိုက်ပါတယ်။ Huawei P50 Pocket လို့ နာမည်ပေးထားပြီး ဖုန်းကို ခေါက်ထားချိန်မှာ ဆက်ရာတောင် မပေါ်ဘူးလို့ သိရပါတယ်။
Huawei P50 Pocket မှာ ၆.၉ လက်မ ခေါက်ချိုး 120Hz OLED 2790×1188 မျက်နှာပြင် တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာကို Punch-Hole မှာ ထည့်သွင်းထားပါတယ်။ အနောက်ဘက်က ၁ လက်မ Cover Screen မှာ အချိန်၊ ရက်စွဲနဲ့ Notification တွေကို ပြသပေးထားပါတယ်။ Maps , Music Player နဲ့ QR Code တို့လို Third-party App တွေအတွက် Widgets တွေ ထောက်ပံ့ထားပါတယ်။ အရွယ်ကြီး မျက်နှာပြင်မှာ မြေပုံ တည်နေရာ လမ်းညွှန်မှုတွေကို ကြည့်နေပြီးနောက် ဖုန်းကို ခေါက်ချိုးကာ အရွယ်သေး Cover Screen မှာ ဆက်လက် ကြည့်ရှုနိုင်ပါတယ်။
P50 Pocket မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 40MP Main , 13MP Ultrawide နဲ့ 32MP Ultra Spectrum တွေ ဖြစ်ပါတယ်။ Snapdragon 888 4G Chipset မောင်းနှင်ထားပြီး 8/12GB RAM နဲ့ 256/512GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ ဆော့ဖ်ဝဲ အကြောင်းပြောရရင် HarmonyOS မောင်းနှင်ထားပြီး 40W Wired Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ ပါလာပါတယ်။ ဖုန်းကို ဖြန့်ထားရင် အထူက ၇.၂ မီလီမီတာနဲ့ ခေါက်ထားရင် ၁၅.၂ မီလီမီတာ ရှိပြီး အလေးချိန်က ၁၉၀ ဂရမ် ဖြစ်ပါတယ်။
အနက်နဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပြီး အထူးထုတ် ရွှေရောင်လည်း ပါပါတယ်။ 8/256GB Version ကို ၈,၉၈၈ ယွမ် သတ်မှတ်ထားပြီး ၂၅ သိန်းလောက်ကျသင့်မှာပါ။ အထူးထုတ် 12/512GB ရွှေရောင် မော်ဒယ်ကို ၁၀,၉၈၈ ယွမ် သတ်မှတ်ထားပြီး သိန်း ၃၀ လောက် တန်ကြေးရှိပါတယ်။ တရုတ်မှာ ရောင်းချပေးနေပြီ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။
Ref : gsmarena
You must log in to post a comment.