ဂျပန် ပါမောက္ခ ၁ ယောက်က လျှာနဲ့ လျက်ကာ အရသာ ခံနိုင်တဲ့ TV Screen ကို ဖန်တီး

ထူးထူးဆန်းဆန်းတွေ တီထွင်တဲ့နေရာမှာ ဂျပန်တွေကို ဘယ်သူမှ လိုက်မှီမှာ မဟုတ်ပါဘူး။ အခုလည်း ဂျပန်က ပါမောက္ခ ၁ ယောက်က အစားအစာ အရသာတွေကို ထုတ်လုပ်ပေးနိုင်တဲ့ TV Screen ကို ဖန်တီးလိုက်ပါတယ်။ TV Sceen ကို လျှာနဲ့ လျက်ကာ အရသာကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

Meiji University professor Homei Miyashita fills flavour canisters as he demonstrates Taste the TV (TTTV), a prototype lickable TV screen that can imitate the flavours of various foods, at the university in Tokyo, Japan, December 22, 2021. REUTERS/Kim Kyung-Hoon

Taste the TV (TTTV) လို့ နာမည်ပေးထားပြီး အရသာ ၁၀ မျိုးပါတဲ့ ဘူးလေးတွေ ထည့်သွင်းထားပါတယ်။ အရသာတွေကို ပေါင်းစပ်ကာ အစားအစာ ၁ ခုရဲ့ အရသာနဲ့ တူညီအောင် ဖန်တီးပေးနိုင်ပါတယ်။ အဲဒီနောက်မှာ အရသာတင်ထားတဲ့ သန့်ရှင်းတဲ့ ဖလင်ပြားကို TV Screen ပေါ်တင်ပေးမှာ ဖြစ်ကာ လျှာနဲ့ လျက်ကာ ခံစားနိုင်မှာ ဖြစ်ပါတယ်။

A demonstrator licks the screen of Taste the TV (TTTV), a prototype lickable TV screen that can imitate the flavours of various foods, during its demonstration at the university in Tokyo, Japan, December 22, 2021. Picture taken December 22, 2021. REUTERS/Kim Kyung-Hoon

မီဂျီ တက္ကသိုလ်မှ တီထွင်သူ ပါမောက္ခ Homei Miyashita က “ Covid-19 ကာလမှာ ဒီလို နည်းပညာမျိုးဟာ ပြင်ပ ကမ္ဘာနဲ့ ဆက်သွယ်တဲ့ နည်းလမ်းကို တိုးတက်စေပါတယ်။ အပြင်က တကယ်ရှိတဲ့ စားသောက်ဆိုင်မှာ ထိုင်စားနေရသလိုမျိုး နေအိမ်ကနေပဲ ပြုလုပ်နိုင်အောင် ရည်ရွယ် ဖန်တီးထားတာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Miyashita ဟာ ကျောင်းသား ၃၀ လောက်ပါတဲ့ အဖွဲ့နဲ့အတူ အရသာများစွာ ထုတ်ပေးတဲ့ ကိရိယာတွေကို တီထွင်ခဲ့ပြီး အဲဒီအထဲမှာ အစားအစာရဲ့ အရသာကို ပိုကောင်းစေတဲ့ ဇွန်း၊ ခက်ရင်းတွေလည်း ပါပါတယ်။  သူက ပြီးခဲ့နှစ်ကစတင်ကာ TTTV နမူနာမော်ဒယ်ကို ဖန်တီးခဲ့တာ ဖြစ်ပြီး ရောင်းချမယ့် မော်ဒယ်ဟာ ယန်း ၁ သိန်းလောက်ရှိမယ်လို့ ပြောပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၁၅ သိန်းလောက် ကျသင့်နိုင်ပါတယ်။

Ref : reuters

%d bloggers like this: