နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ကား Lightyear Two ကို ၂၀၂၅ ခုနှစ်မှာ ရောင်းမည်

နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ကား Lightyear One ဟာ တော်တော်ထူးခြားဆန်းသစ်တဲ့ ကားလို့ ပြောရမှာပါ။ ခရီးဝေးသွားနိုင်တဲ့ ပထမဆုံး လျှပ်စစ်ကား ဖြစ်ပြီး ကားအမိုး၊ အရှေ့ဖုံးတို့မှာ တပ်ဆင်ထားတဲ့ Solar Panel တွေကနေရတဲ့ နေရောင်ခြည်စွမ်းအင်ကနေ လျှပ်စစ် စွမ်းအင်ကို ပြောင်းကာ မောင်းနှင်နိုင်ပါတယ်။

Solar Panel ဧရိယာဟာ ၅ စကွဲယား မီတာ ရှိပြီး ကုမ္ပဏီက အားမသွင်းဘဲ လပေါင်းများစွာ မောင်းနှင်နိုင်တယ်လို့ ပြောပါတယ်။ နေရောင်ခြည်အောက်မှာ ကားတစ်နာရီ ရပ်ထားရင် Panel တွေက ၇ မိုင်ခွဲ (၁၂ ကီလိုမီတာ) မောင်းနှင်နိုင်အောင် စွမ်းအင် ထုတ်လုပ်ပေးနိုင်ပါတယ်။ ဘက်ထရီကို အားအပြည့်သွင်းထားရင် Lightyear One ဟာ ၄၅၀ မိုင် (၇၂၅ ကီလိုမီတာ) မောင်းနှင်နိုင်ပါတယ်။ ဒါပေမယ့် ဒေါ်လာ ၁၇၀,၀၀၀ သတ်မှတ်ထားတဲ့အတွက် ဈေးက မသေးဘဲ မြန်မာငွေ သိန်း ၃ ထောင်လောက်ရှိပါတယ်။

Why Lightyear Could Be The Most Game-Changing Car Company On the Planet

အခုတော့ Lightyear က သူ့ထက် ဈေးသက်သာတဲ့ ဒုတိယမျိုးဆက် Lightyear Two ကို ကြေညာလိုက်ပြီး ၂၀၂၄ ခုနှစ်နှောင်းပိုင်း သို့မဟုတ် ၂၀၂၅ ခုနှစ် အစောပိုင်းမှာ ရောင်းချမှာ ဖြစ်ပါတယ်။ အရွယ်ပိုသေးတဲ့ ဘက်ထရီ ထည့်သွင်းထားတဲ့အတွက် မောင်းနိုင်တဲ့ အကွာအဝေးက ပိုတိုသွားပါတယ်။ ကုမ္ပဏီက ဒေါ်လာ ၃၄,၀၀၀ နဲ့ ရောင်းမယ်လို့ ပြောတဲ့အတွက် သိန်း ၆၀၀ လောက်ပဲ ကျသင့်မှာပါ။

ဘက်ထရီ အရွယ်အစား ပိုသေးတဲ့အတွက် အားသွင်းချိန်က ပိုမြန်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက Lightyear Two ကို ဥရောပနဲ့ အမေရိကန် အပါအဝင် နိုင်ငံများစွာမှာ ရောင်းချမယ်လို့ ပြောပါတယ်။ အဲဒီကားရဲ့ သတင်းအချက်အလက်တွေကို ကုမ္ပဏီက လက်ရှိမှာ သိပ်မပြောသေးဘဲ နောက်နှစ်ကျမှ ပိုမိုသိလာရမှာပါ။

Ref : cleantechnica

%d bloggers like this: