Xiaomi 12 Series ကို ဒီလ ၂၈ ရက်နေ့ ကြေညာမှာ သေချာပြီ

Xiaomi က ဒီလ ၂၈ ရက်နေ့မှာ Mi 12 Series ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပြီး စွမ်းရည်မြင့် Mi 12 စမတ်ဖုန်း ၂ လုံးကို မိတ်ဆက်မှာ ဖြစ်ပါတယ်။

Xiaomi confirms only two flagships will launch on Dec 28

Xiaomi က အဲဒီ စမတ်ဖုန်း ၂ လုံးရဲ့ ဓါတ်ပုံတွေကိုပါ မျှဝေလိုက်တဲ့အတွက် ဒီဇိုင်းကို လေ့လာလို့ရလာပါတယ်။ စမတ်ဖုန်းတွေရဲ့ ဘယ်နဲ့ ညာ ဘေးနှစ်ဖက်ဟာ အနည်းငယ် ကွေးညွှတ်နေပြီး အရင်သတင်းတွေလို လေးဘက်လေးတန် ကွေးညွှတ်နေတာ မဟုတ်ပါဘူး။ အဲဒီ စမတ်ဖုန်း ၂ လုံးဟာ Xiaomi 12 နဲ့ Xiaomi 12 Pro တို့ ဖြစ်နိုင်ပါတယ်။

အဲဒီ စမတ်ဖုန်း ၂ လုံးမှာ Snapdragon 8 Gen 1 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး Xiaomi က ဝီဘိုမှာ သူတို့ရဲ့ စွမ်းဆောင်ရည် သတင်းအချက်အလက်တွေကို မျှဝေထားပါတယ်။

Xiaomi 12 ရဲ့ Geekbench စမ်းသပ်မှုရလဒ်တွေလည်း ထွက်ပေါ်လာပြီ ဖြစ်ပြီး Snapdragon 888 Plus ပါတဲ့ စမတ်ဖုန်းတွေထက် စွမ်းဆောင်ရည်ဟာ ၈ ကနေ ၁၀ ရာခိုင်နှုန်းလောက် ပိုတိုးတက်လာပါတယ်။ Xiaomi 12 ဖုန်းဟာ Single Core မှာ ၁၂၂၄ မှတ်နဲ့ Multi Core မှာ ၃၈၂၃ မှတ်ရထားပါတယ်။

Ref : gsmarena

%d bloggers like this: