၂၀၂၁ ခုနှစ်ရဲ့ အညံ့ဆုံး ကုမ္ပဏီ အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ Facebook (Meta)

မကြာခင်က ကောက်ယူခဲ့တဲ့ လူထုစစ်တမ်း ၁ ခုအရ Facebook / Meta ဟာ ၂၀၂၁ ခုနှစ်ရဲ့ အညံ့ဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။ Yahoo Finance က Survey Monkey ကနေ တစ်ဆင့် ဒီလ ၄ ရက်ကနေ ၅ ရက်အတွင်း လူထု စစ်တမ်း ကောက်ယူခဲ့တာ ဖြစ်ပြီး လူပေါင်း ၁၅၄၁ ယောက်က ပါဝင် ဖြေဆိုခဲ့ကြပါတယ်။ Yahoo Finance ဟာ ကမ္ဘာ့ အကောင်းဆုံးနဲ့ အညံ့ဆုံး ကုမ္ပဏီ စာရင်းအတွက် လူထု စစ်တမ်းကို နှစ်စဉ်ကောက်ယူလေ့ရှိပါတယ်။

ဒီနှစ် စစ်တမ်းမှာ Facebook / Meta ကို အညံ့ဆုံး ကုမ္ပဏီ အဖြစ် ၅၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြတာ ဖြစ်ပြီး အကောင်းဆုံး ကုမ္ပဏီအဖြစ် ရွေးချယ်ခံရတာက Microsoft ဖြစ်ပါတယ်။

What Facebook's Mark Zuckerberg did and didn't answer in hearings - CNET

Facebook ဟာ ကမ္ဘာမှာ လူသုံးအများဆုံး လူမှုကွန်ရက် ၁ ခု ဖြစ်ပေမယ့် ဘာ့ကြောင့် Facebook / Meta ကို အညံ့ဆုံး ကုမ္ပဏီ အဖြစ် မဲပေးခဲ့ကြသလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ တချို့က လွတ်လပ်စွာ ပြောဆိုရေးသားတာတွေကို ပိတ်ပင်လို့လို့ ပြောကြပြီး တချို့က အကြမ်းဖက် သမားတွေကို အားပေးလို့လို့ ဝေဖန်ကြပါတယ်။

တချို့က ကုမ္ပဏီရဲ့ အမှားတွေကို သုံးစွဲသူတွေအား တောင်းပန်သင့်ပြီး ဝင်ငွေထဲက ပမာဏများစွာကို လှူဒါန်းသင့်တယ်လို့ ထောက်ပြကြပါတယ်။ Facebook / Meta ပိုင်တဲ့ Instagram ဟာလည်း လူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ဝေဖန်ကြပြီး တချို့ကဆိုရင် Facebook ဟာ ဒီမိုကရေစီ ထွန်းကားမှုကို ဟန့်တားတယ်လို့တောင် စွပ်စွဲကြပါတယ်။

Ref : indiatoday

%d bloggers like this: