၂၀၃၀ ခုနှစ်မှာ 6G ဝန်ဆောင်မှုပေးမယ့် တရုတ်

တရုတ်ဟာ 5G ဆက်သွယ်ရေး နည်းပညာမှာ ထိပ်တန်းက ဦးဆောင်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တရုတ်ဟာ 5G မှာတင် ရပ်မနေဘဲ နောက်မျိုးဆက် 6G နည်းပညာကိုပါ ဖန်တီးနေပါတယ်။ မကြာခင်က ကျင်းပခဲ့တဲ့ 2021 Technology Billboard Conference မှာ China Mobile ရဲ့ ယခင် အကြီးအကဲ ဖြစ်ပြီး Global Mobile Communications Association ရဲ့ အကြီးတန်း အကြံပေး ဖြစ်သူ Wang Jianzhou က “ 5G ကို တည်ဆောက်နေတုန်းမှာပဲ 6G ဟာ အစပျိုးနေပါပြီ။ ၂၀၃၀ ခုနှစ်မှာ 6G ကို စီးပွားဖြစ် ဝန်ဆောင်မှုပေးမှာပါ။ လက်ရှိမှာ 6G နည်းပညာအတွက် သုတေသနလုပ်ငန်းတွေကို အရှိန်အဟုန် မြှင့်တင်ဖို့ လိုပါပြီ။ “ လို့ ပြောခဲ့ပါတယ်။

5G? China has kicked off its development of 6G | by Staff Timer App | Stafftimer App | Medium

သူက 5G နည်းပညာဟာ မိုဘိုင်း ဆက်သွယ်ရေး စွမ်းရည်အတွက် တိုးတက်မှု အများကြီး ယူဆောင်လာတယ်လို့ ပြောပါတယ်။ 5G နည်းပညာကို ဝန်ဆောင်မှုပေးပြီးနောက်မှာ တိုးတက်မှု အဆင့် ၂ ခု ရှိပြီး ၁ ခုက 5.5G နဲ့ နောက် ၁ ခုက 6G ဖြစ်ပါတယ်။

China carries out 6G research in full swing - Global Times

6G ဟာ ဆဌမမျိုးဆက် မိုဘိုင်း ဆက်သွယ်ရေး နည်းပညာ ဖြစ်ပြီး 5G ထက် အမြန်နှုန်း ပိုကောင်းလာမှာ ဖြစ်သလို တခြား တိုးတက်မှုများစွာ ပါလာမှာ ဖြစ်ပါတယ်။ တည်နေရာ ညွှန်ပြမှု စွမ်းရည်အပိုင်းမှာလည်း ပိုတိကျလာမှာ ဖြစ်ပါတယ်။

တရုတ်လိုပဲ 6G နည်းပညာကို အိန္ဒိယကလည်း ဖန်တီးနေပါတယ်။ အိန္ဒိယမှာ 5G ကို စီးပွားဖြစ် ဝန်ဆောင်မှု မပေးနိုင်သေးပေမယ့် လာမယ့် ၂ နှစ်၊ ၃ နှစ်အတွင်း 6G ဝန်ဆောင်မှုပေးမယ်လို့ ကြုံးဝါးထားပါတယ်။

Ref : gizchina

%d bloggers like this: