ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုမဆို ၁ နာရီအတွင်း ပျံသန်းနိုင်တဲ့ လေယာဉ်ကို တရုတ် တီထွင်

တရုတ် နိုင်ငံ နန်ဂျင်း တက္ကသိုလ်မှ သုတေသနပညာရှင်တွေက အသံထက်မြန်တဲ့ လေယာဉ် အင်ဂျင် နမူနာမော်ဒယ် ၁ ခုကို တီထွင်လိုက်ပါတယ်။ ထူးခြားတာက NASA လွန်ခဲ့တဲ့ နှစ် ၂၀ က စွန့်လွှတ်ခဲ့တဲ့ အင်ဂျင် ဒီဇိုင်းကို အခြေခံကာ တည်ဆောက်ထားတာပါ။

China is building a 12,000mph hypersonic plane that can transport 10 passengers - HCA Barbieri News

အသံထက်မြန်တဲ့ လေယာဉ် အများစုမှာ အင်ဂျင် ၁ လုံးထဲ ထည့်သွင်းထားပေမယ့် တရုတ်ရဲ့ Two-stage Vehicle (TSV) X လေယာဉ်မှာ အင်ဂျင် ၂ လုံး ထည့်သွင်းထားပါတယ်။ မူလ ဒီဇိုင်းကို NASA ရဲ့ အသံထက်မြန်တဲ့ လေယာဉ် စီမံကိန်းက ယခင် အကြီးအကဲ ဖြစ်သူ Ming Han Tang က ဖန်တီးထားတာဖြစ်ပါတယ်။

China builds new hypersonic aircraft based on design abandoned by NASA - Inceptive Mind

နန်ဂျင်း တက္ကသိုလ်မှ ပါမောက္ခ Tan Huijun နဲ့ ပညာရှင်အဖွဲ့ဟာ နမူနာမော်ဒယ်ကို Wind Tunnel ထဲမှာ စမ်းသပ်ခဲ့ရာမှာ အသံထက် ၄ ဆ ၊ ၅ ဆ မြန်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ အင်ဂျင်တွေဟာ အရမ်းခက်ခဲတဲ့ အခြေအနေမှာတောင် အလုပ်ကောင်းကောင်းလုပ်ပါတယ်။ ပညာရှင် အဖွဲ့က နောက်ပိုင်းမှာ ဆက်လက် စမ်းသပ်မှုတွေ ပြုလုပ်မှာပါ။

လေယာဉ်မှာ ခရီးသည် ၁၀ ယောက် လိုက်ပါနိုင်ပြီး ကမ္ဘာကြီးရဲ့ ဘယ်နေရာကို မဆို ၁ နာရီအတွင်း ပို့ဆောင်ပေးနိုင်တာက တော်တော် မိုက်ပါတယ်။ တရုတ်က အသံထက် မြန်တဲ့ လေယာဉ်တွေကို ၂၀၃၅ ခုနှစ်မှာ ထုတ်လုပ်ဖို့ ရည်မှန်းထားပြီး ၂၀၄၅ ခုနှစ်အရောက်မှာ ခရီးသည် ၁၀၀ ကို သယ်ဆောင်နိုင်တဲ့ လေယာဉ်တွေကို ထုတ်လုပ်မှာပါ။

Ref : inceptivemind

%d bloggers like this: