Caviar က ကျည်ဆန် မဖောက်နိုင်တဲ့ iPhone 13 Series ကို ကြေညာ

နာမည်ကြီး စမတ်ဖုန်းတွေကို ပြင်ဆင်မွမ်းမံပြီး ထုတ်လုပ်ရောင်းချရာမှာ နာမည်ကြီးတဲ့ Caviar က အခုတစ်ခါလည်း ထူးထူးဆန်းဆန်းတွေ လုပ်ပြလိုက်ပါတယ်။ အဲဒါကတော့ ကျည်ကာတွေ တပ်ဆင်ထားတဲ့ Stealth 2.0 iPhone 13 Series ဖြစ်ပါတယ်။ ကျည်ကာကားတွေနဲ့ တိုက်ပွဲသုံး ဟယ်လီကော်ပတာတွေကို ထုတ်လုပ်ရောင်းချနေတဲ့ NPO TCIT ရဲ့ သတ္တုကျည်ကာတွေကို အဲဒီ စမတ်ဖုန်းတွေမှာ ဖုံးအုပ်ထားတာပါ။

ကုမ္ပဏီက အဲဒီ ဖုန်းတွေကို ပစ္စတိုနဲ့ ပစ်ပြတဲ့ သရုပ်ပြ ဗီဒီယိုကို မျှဝေထားပြီး iPhone ဟာ ကျည်ဆန် မပေါက်တာကို မြင်ရပါတယ်။ ကျည်ဆန်ထိတဲ့ နေရာမှာ နက်ရှိုင်းတဲ့ ခြစ်ရာ ထင်သွားပြီး မျက်နှာပြင်ကွာသွားပါတယ်။ ဒါပေမယ့် ကျည်ဆန် ပေါက်မထွက်သွားပါဘူး။ ဖုန်းဟာ ကျည်ဆန် ၂ ခုကို ကာကွယ်နိုင်တာ မြင်ရပါတယ်။ မော်ဒယ် ၂ ခု ထုတ်လုပ်ထားပြီး ၁ ခုမှာ ကိုယ်ရေးကိုယ်တာ လုံခြုံချင်သူတွေအတွက် ကင်မရာတွေ ဖယ်ရှားထားပြီး နောက် ၁ ခုမှာတော့ ကင်မရာတွေ မဖယ်ရှားထားပါဘူး။

iPhone 13 Series Cavier Stealth 2.0 can Stop Bullets!!! See Full Details - TECH LOVERRS

Caviar က ၉၉ လုံးပဲ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး iPhone 13 Pro/ Pro Max အတွက် 128GB ကနေ 1TB Storage အထိ ရွေးချယ်နိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၆,၃၇၀ ဒေါ်လာနဲ့ 1TB Storage ပါတဲ့ တန်ဖိုးအကြီးဆုံး iPhone 13 Pro Max ကို ၇,၉၈၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ လက်ရှိပေါက်ဈေးအရ မြန်မာငွေနဲ့တွက်ရင် သိန်း ၁၁၀ နဲ့ သိန်း ၁၄၀ လောက် အသီးသီး ကျသင့်မှာပါ။

Ref : indiatimes

%d bloggers like this: