အဖိုးအို ၁ ယောက်ရဲ့ အသက်ကို ကယ်တင်ပေးလိုက်တဲ့ Apple Watch

Wearables လို့ ခေါ်တဲ့ ချပ်ဝတ်တန်ဆာ ကွန်ပြူတာတွေဟာ လူတွေရဲ့ နေ့စဉ်လူမှုဘဝတွေကို ကူညီပေးနိုင်သလို လူ့အသက်တွေကိုတောင် ကယ်တင်ပေးနိုင်ပါတယ်။ အခုလည်း ကနေဒါ နိုင်ငံ အော့တဝါက အသက် ၈၅ နှစ်အရွယ်  အဖိုးအို ၁ယောက်ရဲ့ အသက်ကို Apple Watch က ကယ်တင်ပေးလိုက်ပါတယ်။

Apple Watch fall detection saves New Jersey man after tumbling off cliff and breaking his back - 9to5Mac

နိုဝင်ဘာလ ၂၈ ရက်နေ့မှာ တစ်ယောက်ထဲ နေထိုင်တဲ့ အဖိုးအိုဟာ နေအိမ်မှာပဲ အမြင့်ကနေ ပြုတ်ကျသွားခဲ့ပြီး သတိမေ့သွားကာ ဦးခေါင်းမှာ ဒဏ်ရာရသွားခဲ့ပါတယ်။ ကံကောင်းတာက သူ့ရဲ့ Apple Watch ဟာ အမြင့်ကနေ ပြုတ်ကျတာကို သိသွားခဲ့ပြီး ၁ မိနစ်အတွင်း 911 ကို ဖုန်းခေါ်ခဲ့ပါတယ်။

Apple Watch emergency call feature saves bicyclist struck by car | AppleInsider

အော့တဝါ ရဲဌာနကို Automated Message ပေးပို့ခဲ့ပြီးနောက်မှာ ရဲတွေဟာ အဖိုးအိုရဲ့ အိမ်ကို ချက်ချင်း သွားရောက်ခဲ့ပါတယ်။ ရဲတွေဟာ အဖိုးအိုရဲ့ ဦးခေါင်းကို ပတ်တီးစည်းပေးခဲ့ပြီးနောက်မှာ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ အဖိုးအိုရဲ့ သမီး ဖြစ်သူကို အကြောင်းကြားပေးခဲ့ပါတယ်။

Apple Watch ဟာ လူ့ အသက်တွေကို ကယ်တင်ပေးခဲ့တဲ့ သတင်းတွေ အရင်ကလည်း ထွက်ခဲ့ဖူးပါတယ်။ စက်တင်ဘာလမှာ အသက် ၂၄ နှစ်အရွယ် မော်တော်ဆိုင်ကယ် စီးသူ ၁ ယောက်ဟာ မတော်တဆမှု ဖြစ်ခဲ့ပြီး Apple Watch က အရေးပေါ်ဌာနကို ဆက်သွယ်ခဲ့လို့ အသက်ချမ်းသာရာရခဲ့ပါတယ်။ ဇူလိုင်လတုန်းကလည်း မီချီဂန်က အမျိုးသမီး ၁ ယောက်ဟာ နှလုံးဖောက်မှုကြောင့် နှလုံးခုန်နှုန်း မြန်နေတာကို Apple Watch က အာရုံခံနိုင်ခဲ့တဲ့အတွက် အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

Ref : appleinsider

%d bloggers like this: