Snapdragon 8 Gen1 ပါတဲ့ ကမ္ဘာ့ ပထမဆုံး Motorola Moto Edge X30 ကို ကြေညာ

Snapdragon 8 Gen1 ကို ကြေညာထားတာ ၁ ပတ်ပဲရှိသေးပြီး အခုတော့ အဲဒီ Chipset ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း ထွက်လာပါပြီ။ အဲဒါက Motorola Moto Edge X30 ဖြစ်ပြီး ရိုးရိုး မော်ဒယ်နဲ့ အထူးထုတ် မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားပါတယ်။ အထူးထုတ် မော်ဒယ်မှာ မျက်နှာပြင်အောက် ကင်မရာ ပါလာပြီး ရိုးရိုး မော်ဒယ်မှာ Punch Hole ကင်မရာ တပ်ဆင်ထားပါတယ်။ ကျန်တဲ့ Specs အားလုံးက တူညီကြပါတယ်။

Moto Edge X30 unveiled as the world's first Snapdragon 8 Gen1-powered phone - Gizmochina

Motorola Moto Edge X30 မှာ ၆.၇ လက်မ OLED FHD+ မျက်နှာပြင်နဲ့ 144Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Motorola ရဲ့ စမ်းသပ်ချက်အရ X30 ဟာ အရင်မျိုးဆက် Snapdragon 888+ Chip ထက် CPU စွမ်းဆောင်ရည် ၂၀ ရာခိုင်နှုန်း၊ GPU စွမ်းဆောင်ရည် ၃၀ ရာခိုင်နှုန်းနဲ့ AI လုပ်ငန်းတွေမှာ ၄၀၀ ရာခိုင်နှုန်း ပိုတိုးတက်လာပါတယ်။ AnTuTu ရဲ့ စွမ်းရည်အမြင့်ဆုံး Android ဖုန်း စာရင်းမှာ ထိပ်ဆုံးနေရာကို သိမ်းပိုက်သွားပါတယ်။

Snapdragon 8 Gen 1: Motorola Moto Edge X30 cracks 1 million points in AnTuTu, taking a 21% lead over the Black Shark 4S Pro - NotebookCheck.net News

X30 မှာ လျှင်မြန်တဲ့ LPDDR5 RAM နဲ့ UFS 3.1 Storage ထည့်သွင်းထားပြီး 68W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ ပါလာပါတယ်။ ဆော့ဖ်ဝဲကတော့ Android 12 အခြေပြု MYUI 3.0 ဖြစ်ပါတယ်။

အနောက်ဘက်မှာ 50MP Main , 50MP Ultrawide နဲ့ 2MP Depth ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 60MP ဖြစ်ပါတယ်။

ဈေးနှုန်း

  • Moto Edge X30 standard version 8GB + 128GB priced at 3199 yuan
  • Moto Edge X30 standard version 8GB + 256GB priced at 3399 yuan
  • Moto Edge X30 standard version 12GB + 256GB priced at 3599 yuan

ရိုးရိုး မော်ဒယ်ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၉ သိန်းဝန်းကျင် ကျသင့်မှာပါ။

အထူးထုတ် မော်ဒယ်အတွက် 12GB+256GB ၁ မျိုးပဲ ထုတ်လုပ်ထားပြီး ၃,၉၉၉ ယွမ် သတ်မှတ်ထားကာ ၁၁ သိန်းလောက် ရှိပါတယ်။ တရုတ်မှာ ဒီလ ၁၅ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena

%d bloggers like this: