Huawei ရဲ့ Mate V ခေါက်ချိုး ဖုန်းကို ဒီလ ၂၃ ရက်နေ့ ကြေညာနိုင်

တရုတ် လူမှုကွန်ရက် ဝီဘိုမှာ Tipster ၁ ယောက်က Huawei ရဲ့ Mate V ခေါက်ချိုးဖုန်းကို တခြား ထုတ်ကုန်တွေနဲ့အတူ  ဒီလ ၂၃ ရက်နေ့ ကြေညာမယ်လို့ သတင်းပေးလာပါတယ်။ Mate V ရဲ့ ကောလဟာလ သတင်းတွေ၊ တရားဝင် Teaser တွေနဲ့ Patent တွေကို အရင်က မြင်ဖူးခဲ့ကြပါတယ်။ အရင်သတင်းတွေအရ Mate V မှာ Foldable စမတ်ဖုန်းတွေအတွက် အပူစုပ်ယူမှု ပိုကောင်းအောင် ဒီဇိုင်းထုတ်ထားတဲ့ Heat Pipe အသစ်ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။

Huawei Mate V

Huawei ဟာ Mate V ကို ဒီလ ၂၃ ရက်နေ့မှာ Laptop, TV နဲ့ Smart Wearable Device တွေနဲ့အတူ ကြေညာဖို့ စီစဉ်ထားပါတယ်။ အဲဒီ ပွဲမှာ အဓိက ထုတ်ကုန် အဖြစ် Mate V ကို ကြေညာမယ်လို့ ဝီဘိုမှာ Tipster က ပြောပါတယ်။ Huawei ရဲ့ Mate V Teaser ၁ ခုလည်း ပေါက်ကြားထွက်ပေါ်နေပြီး အဲဒီမှာ ဖုန်း ဒီဇိုင်း ပုံကြမ်းကို လေ့လာနိုင်ပါတယ်။

Huawei Mate V flip phone arrives on December 23 alongside other products

Huawei Mate V ရဲ့ ထူးခြားဆန်းသစ်တဲ့ Heat Pipe ဒီဇိုင်းကို  Huawei က ၂၀၂၀ ခုနှစ်မှာ မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။ Heat Pipe ဟာ ကွေးညွှတ်ပျော့ပြောင်းပြီး စမတ်ဖုန်းရဲ့ ဒေါင်လိုက် ကိုယ်ထည် ၁ ခုလုံးကို ဖြန့်ကျက်ထားပါတယ်။ အပူထိန်းချုပ်မှု ပိုကောင်းလာမှာ ဖြစ်တဲ့အတွက် စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည် မြင့်မားလာမှာ ဖြစ်ပါတယ်။

Ref : gizmochina

%d bloggers like this: