လူ့ မစင်ကို စွမ်းအင် အဖြစ် ပြောင်းလဲပေးနိုင်တဲ့ အိမ်သာကို တောင်ကိုရီးယား တီထွင်

တောင်ကိုရီးယား နိုင်ငံ Ulsan National Institute of Science and Technology (UNIST) က လူ့ မစင်ကို စွမ်းအင် အဖြစ် ပြောင်းလဲပေးနိုင်တဲ့ အိမ်သာကို တီထွင်လိုက်ပါတယ်။ UNIST မှ သဘာဝ ပတ်ဝန်းကျင် အင်ဂျင်နီယာ ပါမောက္ခ Cho Jae-weon က BeeVi လို့ အမည်ပေးထားတဲ့ အဲဒီ အိမ်သာကို တီထွင်လိုက်တာ ဖြစ်ပြီး အိမ်သာ အသုံးပြုတဲ့ လူတွေကို ဒစ်ဂျစ်တယ် ငွေကြေး လက်ဆောင်ပေးကာ စည်းရုံးနေပါတယ်။ အဲဒီ ငွေကြေးနဲ့ ကျောင်းက စားသောက်ဆိုင်မှာ ကော်ဖီနဲ့ အစားအစာတွေ ဝယ်ယူနိုင်ပါတယ်။

South Korean eco-friendly toilet turns poop into green energy.

လူတွေရဲ့ ကျန်းမာရေးကို မစင်ကနေ စစ်ဆေးပေးနိုင်တဲ့ စမတ်အိမ်သာတွေကို တွေ့မြင်ခဲ့ကြရပြီးပြီ ဖြစ်ပေမယ့် အခု အိမ်သာကတော့ ပိုအထင်ကြီးစရာ ကောင်းပါတယ်။ အိမ်သာတွေမှာ မစင်တွေကို ရေဆွဲချကာ သန့်ရှင်းရေး ပြုလုပ်ကြပေမယ့် BeeVi ကတော့ ရေမသုံးပါဘူး။ လေစုပ်ပန့် အသုံးပြုကာ မစင်တွေကို မြေအောက် Bioreactor ကို ပို့ဆောင်ပေးတဲ့အတွက် ရေအကုန်အကျ သက်သာပါတယ်။

Using South Korean toilet BeeVi can earn digital currency - AZCoin News

အဲဒီနောက်မှာ မစင်တွေကို အနံ့အသက် မရှိတဲ့ ဒြပ်ထု အဖြစ် ပြောင်းလဲပေးပြီး မီသိန်း အဖြစ် ထုတ်လုပ်ပေးတဲ့ Microbial Energy Production System ကို ပို့ဆောင်ပေးပါတယ်။ အဲဒီ မီသိန်းကို ဂတ်စ်မီးဖို၊ ရေပူထုတ်တဲ့ စက်တွေနဲ့ Solid Oxide Fuel Cell တွေမှာ အသုံးပြုနိုင်ပါတယ်။

Cho က မစင် ၅၀၀ ဂရမ်ကို မီသိန်း ဂတ်စ် လီတာ ၅၀ အဖြစ် ပြောင်းလဲပေးနိုင်တယ်လို့ ပြောပါတယ်။ အဲဒီအတွက် လျှပ်စစ် Kilowatt-hour ကို ထုတ်လုပ်ပေးနိုင်ပြီး လျှပ်စစ်ကားတွေ ၁ မိုင်ရဲ့ ၄ ပုံပုံ ၃ ပုံကို မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

Ref : inceptivemind

%d bloggers like this: