အတောင်ပံ မပါတဲ့ ကမ္ဘာ့ ပထမဆုံး လေယာဉ်ကို ဖန်တီးနိုင်ဖို့ နီးစပ်လာပြီ

အစ္စရေး အခြေစိုက် Urban Aeronautics Company က အတောင်ပံ မပါတဲ့ ကမ္ဘာ့ ပထမဆုံး လေယာဉ်ကို ဖန်တီးနေပြီး အဲဒီလေယာဉ်ဟာ မြေပြင်ကနေ ဝေဟင်နဲ့ ဝေဟင်ကနေ မြေပြင်ကို ဒေါင်လိုက် ပျံတက်၊ ဆင်းသက်နိုင်တဲ့ eVTOL အမျိုးအစား ဖြစ်ပါတယ်။

အဲဒီ လေယာဉ်ကို CityHawk လို့ နာမည်ပေးထားပြီး ကား ၁ စီး အရွယ်အစားလောက်ပဲ ရှိပါတယ်။ လူ ၆ ယောက် လိုက်ပါစီးနင်းနိုင်ပြီး တခြား eVTOL လေယာဉ်တွေနဲ့ ဒီဇိုင်း ကွဲပြားပါတယ်။ မြို့တော်တွေထဲမှာ အသုံးပြုနိုင်မယ့် လေယာဉ် တက္ကစီ အဖြစ် ဝန်ဆောင်မှုပေးနိုင်ဖို့ CityHawk ကို ရည်ရွယ် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အရေးပေါ် ကျန်းမာရေး ဝန်ဆောင်မှုတွေအတွက်လည်း CityHawk ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

The CityHawk, a car-sized eVTOL designed for multiple trips within a city per day.

CityHawk ကို ဟိုက်ဒရိုဂျင်နဲ့ မောင်းနှင်ထားတဲ့အတွက် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှင့်မှု မရှိဘဲ အသံဆူညံမှု နည်းပါးပါတယ်။ CityHawk ဟာ အရွယ်အစား ကျစ်လစ် သေးငယ်ပြီး အလိုအလျှောက်မောင်းနှင်နိုင်တဲ့နည်းပညာလည်း ထည့်သွင်းထားပါတယ်။ ဒီနည်းပညာက ဓါတ်ကြိုးတွေ၊ အဆောက်အဦးတွေကို ရှောင်ကွင်း မောင်းနှင်နိုင်ပြီး စီးနင်းသူတွေဟာ ပတ်ဝန်းကျင်ရဲ့ အလှတရားကို ကြည့်ရှုနိုင်အောင် ဖောက်ထွင်းမြင်ရတဲ့ မှန်တွေကို လေယာဉ်မှာ တပ်ဆင်ထားပါတယ်။

CityHawk ဟာ အရွယ်အစား သေးငယ်တဲ့အတွက် တိုက်ခေါင်မိုးတွေအပေါ်ကနေ အတက်၊ အဆင်း ပြုလုပ်နိုင်ပါတယ်။ လေယာဉ်ရဲ့ အတွင်းပိုင်း အစိတ်အပိုင်းတွေကို တန်ဖိုးကြီး ပစ္စည်းတွေနဲ့ တည်ဆောက်ထားပြီး သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံတွေ၊ WiFi ၊ Touchscreen တွေ ထည့်သွင်းထားပါတယ်။

CityHawk ကို ဇူလိုင်လ အစောပိုင်းမှာ ပထမဆုံး အကြိမ် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီး အတက်၊ အဆင်း ချောမွတ်ပြေပြစ်တာတွေ့ရပါတယ်။

Ref : inceptivemind

%d bloggers like this: