တရုတ်မှာ စက်ရုပ် တက္ကစီတွေ ပြေးဆွဲနေပြီ

တရုတ်နိုင်ငံ ဘေဂျင်းမှာ စက်ရုပ် တက္ကစီ သို့မဟုတ် မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို စီးပွားဖြစ် လုပ်ကိုင်ခွင့် ပေးလိုက်ပြီ ဖြစ်တဲ့အတွက် ဘေဂျင်းရဲ့ လမ်းမတွေပေါ်မှာ စက်ရုပ် တက္ကစီများစွာကို စိတ်လှုပ်ရှားစရာ မြင်တွေ့လာရပါပြီ။ ဒီဇိုင်းက ရိုးရိုး ကားတွေနဲ့ တူညီပေမယ့် ထူးခြားတာက မောင်းနှင်သူ မပါတာပါ။ စက်ရုပ် တက္ကစီတွေဟာ စီးနင်းသူသွားမယ့် တည်နေရာကို မေးမြန်းတာနဲ့ ယာဉ်စီးခ လက်ခံတာတွေကို ဒစ်ဂျစ်တယ်နည်းနဲ့ ပြုလုပ်ပါတယ်။

An'Apollo Go' autonomous taxi on a street in Beijing

စက်ရုပ် တက္ကစီတွေမှာ ခရီးသည် ၂ ယောက် စီးနင်းနိုင်ပြီး ဘေဂျင်းရဲ့ တောင်ဘက် Yizhuang ဧရိယာမှာပဲ ဝန်ဆောင်မှုပေးဖို့ အစိုးရက လက်ရှိမှာ ကန့်သတ်ထားပါတယ်။  စက်ရုပ်ကား မှားယွင်းမှု ဖြစ်ရင် ထိန်းကြောင်းဖို့အတွက် ကုမ္ပဏီ ဝန်ထမ်း ၁ ယောက်က ကားအရှေ့ခန်းမှာ လိုက်ပါစောင့်ကြည့်နေပါတယ်။

Baidu, Pony AI Granted China's First Licences To Charge Passengers For Self-driving Taxis In Beijing – Agra Smart City

စက်ရုပ် တက္ကစီ ဝန်ဆောင်မှုကို တရုတ် နည်းပညာ ဘီလူးကြီး Baidu က ပြုလုပ်ပေးလိုက်တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကပဲ အစိုးရက စီးပွားဖြစ် လုပ်ကိုင်ခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။ ဥပဒေ ကန့်သတ်ချက်တွေနဲ့ စီးနင်းသူ ဘေးကင်းလုံခြုံရေးကြောင့် လိုက်ပါစောင့်ကြပ်သူ မပါဘဲ ဝန်ဆောင်မှုပေးနိုင်ဖို့တော့ နှစ်အနည်းငယ် ကြာမြင့်ဦးမှာပါ။

Baidu ရဲ့ Apollo Go စက်ရုပ် တက္ကစီ စီးနင်းမယ့် သူတွေဟာ Luobo Kuaipao လို့ခေါ်တဲ့ App ကို Download လုပ်ထားရမှာ ဖြစ်ပြီး App ကနေ သွားမယ့် တည်နေရာကို ထည့်သွင်းကာ ကား ခေါ်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ဘေဂျင်းမှာ Baidu ရဲ့ စက်ရုပ် တက္ကစီကား အစီးရေ ၆၇ စီး ပြေးဆွဲနေပြီး ၅.၉ ကီလိုမီတာ (၃.၆၆ မိုင်) အကွာအဝေးကို ၂ ယွမ်ကျော် (၀.၃၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Alibaba ရဲ့ AutoX နဲ့ DiDi Chuxing တို့ဟာလည်း တရုတ် နိုင်ငံ အဝန်းမှာ စက်ရုပ် တက္ကစီတွေကို စမ်းသပ်နေကြပါတယ်။

Ref : techxplore

%d bloggers like this: