နှစ်ပေါင်း ၁၀၈ နှစ်အကြာက အိုင်းစတိုင်းရဲ့ စာတမ်းကို ဒေါ်လာ ၁၅ သန်းနဲ့ လေလံတင် ရောင်းချနိုင်ခဲ့

အဲလ်ဘတ် အိုင်းစတိုင်းရဲ့ လက်ရေး စာတမ်း ၁ ခုကို လေလံတင် ရောင်းချခဲ့ရာမှာ ဒေါ်လာ ၁၄.၉၈ သန်း ရရှိခဲ့ပါတယ်။ နာမည်ကျော် ရူပဗေဒ ပညာရှင် အိုင်းစတိုင်းနဲ့ သူငယ်ချင်း ဖြစ်သူ ဆွစ်ဇာလန် အင်ဂျင်နီယာ မိုက်ကယ် ဘက်စ်စို တို့ဟာ ၁၉၁၃ နဲ့ ၁၉၁၄ ခုနှစ်မှာ အဲဒီ စာတမ်းကို ရေးသားခဲ့တာ ဖြစ်တဲ့အတွက် အခုဆိုရင် နှစ်ပေါင်း ၁၀၈ နှစ်ကြာမြင့်ခဲ့ပါပြီ။

Albert Einstein Discussed Relationship Between Physics and Biology Decades Before It Was Established

စာတမ်းမှာ ရူပဗေဒ တွက်ချက်မှုတွေ စာမျက်နှာ ၅၄ ခု ပါဝင်ပြီး ၂၆ ခုကို အိုင်းစတိုင်းနဲ့ ၂၅ ခုကို ဘက်စ်စိုက ရေးသားခဲ့ပါတယ်။ ကျန်တဲ့ ၃ ခုကို နှစ်ယောက်ပေါင်းပြီး ရေးသားခဲ့ကြတယ်လို့ သိရပါတယ်။ လေလံပွဲ ကျင်းပတဲ့ Christie က ၁၉၀၄ ခုနှစ်မှာ အိုင်းစတိုင်းဟာ သူ အလုပ်လုပ်ခဲ့တဲ့ Patent Office မှာ အလုပ်ရအောင် ဘက်စ်စိုကို ကူညီခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဘက်စ်စိုကလည်း ၁၉၀၅ ခုနှစ်မှာ အိုင်းစတိုင်းရဲ့ ရူပဗေဒ သီအိုရီတွေကို ကူညီခဲ့ပြီး အဲဒီအထဲမှာ E=mc^2 လို့ နာမည်ကြီးတဲ့ ရူပဗေဒ သီအိုရီတွေ ပါဝင်ပါတယ်။

NASA Proves Einstein Wrong... Object Broke Laws of Physics - Sada El balad

လက်ရေး စာတမ်းထဲမှာ အိုင်းစတိုင်းရဲ့ လက်ရေးတွေဟာ သေသပ်ကာ အစီအစဉ်ကျနပြီး အလျားလိုက်မျဉ်းကြောင်းတွေနဲ့ တွက်ချက်မှုတွေကို ခွဲခြားထားပါတယ်။

အိုင်းစတိုင်းဟာ လွန်ခဲ့တဲ့ ရာစုနှစ်က ရူပဗေဒ နိုဘယ်ဆုကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ သီအိုရီတွေဟာ အခုခေတ် အာကာသ ရူပဗေဒ ရှာဖွေတွေ့ရှိမှုတွေကို များစွာ အထောက်အကူ ပြုခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ တွေ့ရှိခဲ့တဲ့ ကမ္ဘာ့ဆွဲအား လှိုင်းတွေကိုလည်း အိုင်းစတိုင်းက ကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။

Ref : gizmodo

%d bloggers like this: