တရုတ် စစ်တပ်ရဲ့ Quantum Computing နည်းပညာ တိုးတက်အောင် ကူညီနေတဲ့ ကုမ္ပဏီတွေကို အမေရိကန်က ပိတ်ပင်

တရုတ်ရဲ့ Quantum Computing နည်းပညာမှာ ဦးဆောင်သူ ဖြစ်လာစေမယ့် ခြေလှမ်းတွေကို အမေရိကန်က တားဆီးဖို့ အရှိန်အဟုန် ပိုမြှင့်လိုက်ပါတယ်။ အမေရိကန်က နည်းပညာ ကုမ္ပဏီ ၈ ခုကို ကန့်သတ်ပိတ်ပင်တဲ့ စာရင်းထဲ ထည့်သွင်းလိုက်ပြီး တရုတ် စစ်တပ်ရဲ့ Quantum Computing နည်းပညာကို မကူညီနိုင်အောင် ဒီလို ပြုလုပ်လိုက်တာပါ။ Encryption ကို ချိုးဖျက်တာ၊ မချိုးဖျက်နိုင်တဲ့ Encryption ကို ဖန်တီးတာ၊ လေယာဉ် ၊ သင်္ဘောတွေ ကိုယ်ပျောက်တာကို ခြေရာခံတာနဲ့ ရေငုပ် သင်္ဘောစနစ်ကို ခြေရာခံတာတွေလို အမေရိကန်ရဲ့ နည်းပညာတွေ တရုတ်ဆီ ရောက်သွားမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။

Participants view a quantum computing prototype model during the 2021 Quantum Industry Conference in Hefei, east China's Anhui Province, Sept. 18, 2021. Themed "Quantum Technology · Industry Revolution", the 2021 Quantum Industry Conference was held in Hefei on Saturday. The conference brought together a group of scientific researchers and industry leaders to discuss the development of the quantum industry and released a series of applications. (Photo by Han Xu/Xinhua via Getty Images)

အမေရိကန်ရဲ့ ကန့်သတ်ပိတ်ပင်တဲ့ စာရင်းထဲမှာ QuantumCTek နဲ့ Microscale က Hefei National Laboratory for Physical Sciences တို့ အပါအဝင် ကုမ္ပဏီနဲ့ သုတေသန အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက အဲဒီ စာရင်းထဲမှာ ပါတဲ့ Corad Technology Limited နဲ့ ပတ်သတ်နေတဲ့ ကုမ္ပဏီ ၃ ခုကိုလည်း အမေရိကန်က စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။ အမေရိကန်က Corad Technology Limited ဟာ အီရန်ရဲ့ စစ်တပ်နဲ့ အာကာသ စီမံကိန်းတွေ၊ မြောက်ကိုရီးယားရဲ့ ထိပ်တန်း ကုမ္ပဏီတွေကို ကူညီနေတယ်လို့ စွပ်စွဲထားပါတယ်။

Quantum Computers, Explained With Quantum Physics - YouTube

နောက်ဆုံးထုတ်ထားတဲ့ အမေရိကန်ရဲ့ စာရင်းထဲမှာ အဖွဲ့အစည်းနဲ့ လူပေါင်း ၂၇ ခု ပါလာပြီး ပါကစ္စတန်က ၁၃ ခု ပါပါတယ်။

တရုတ်ဟာ Quantum Computing နည်းပညာ တော်တော်များများကို ပြည်တွင်းမှာပဲ ဖန်တီးနေတဲ့အတွက် အမေရိကန်ရဲ့ ပိတ်ပင်မှုကြောင့် တရုတ်ရဲ့ စီမံကိန်း ရပ်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အမေရိကန်ရဲ့ Processor နဲ့ တခြား Equipment တွေကို တရုတ် သုံးလို့ မရအောင် ပိတ်ပင်တာကြောင့် တရုတ်ရဲ့ Quantum Computing ခြေလှမ်းတွေ နှေးသွားနိုင်ပါတယ်။ အမေရိကန်ဟာ Quantum Computing နည်းပညာမှာ ဦးဆောင်သူ ဖြစ်အောင် အခုလို ပိတ်ပင် ကန့်သတ်နေတာ ဖြစ်ပါတယ်။

Ref : engadget

%d bloggers like this: