ဒေါ်လာ ၁.၀၅ ဘီလီယမ် တန်ကြေးရှိတဲ့ Tesla ရှယ်ယာတွေကို ထုတ်ရောင်းလိုက်တဲ့ Elon Musk

အခွန်ဆောင်ဖို့ ပထမ ၁ ကြိမ် Tesla ရှယ်ယာတွေကို ထုတ်ရောင်းပြီး သိပ်မကြာခင်မှာပဲ Elon Musk ဟာ နောက် ၁ ကြိမ် ရှယ်ယာတွေကို ရောင်းချလိုက်ပြန်ပါတယ်။ သူဟာ တွစ်တာမှာ ကတိပေးထားတဲ့အတိုင်း သူပိုင်ရှယ်ယာတွေရဲ့ ၁၀ ရာခိုင်နှုန်းကို ရောင်းချနေတာပါ။

Musk ဟာ ဒေါ်လာ ၁.၀၅ ဘီလီယမ် တန်ကြေးရှိတဲ့ ရှယ်ယာပေါင်း ၉၃၄,၀၉၁ ကို ရောင်းချလိုက်တာ ဖြစ်ပြီး အခုလို ရောင်းချတာဟာ နိုင်ငံတော်ကို ပေးရမယ့် အခွန်တွေအတွက် ဖြစ်ပါတယ်။ အခုဆိုရင် Musk ဟာ ဒေါ်လာ ၉.၉ ဘီလီယမ် တန်ကြေးရှိတဲ့ ရှယ်ယာ ၉.၂ သန်းကို ရောင်းချပြီးပြီ ဖြစ်ပါတယ်။ သူဟာ တွစ်တာမှာ သူပိုင်တဲ့ Tesla ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ရောင်းချရမလားလို့ လူထု စစ်တမ်း ကောက်ယူပြီးနောက် ရောင်းချဖို့ ဆန္ဒပြုသူများတဲ့အတွက် အခုလို ရောင်းချနေတာ ဖြစ်ပါတယ်။ ၁၀ ရာခိုင်နှုန်း ပြည့်ဖို့အတွက် သူဟာ ရှယ်ယာ ၁၇ သန်းကို ရောင်းချဖို့ လိုအပ်ပါတယ်။

Musk ဟာ တွစ်တာမှာ လူထုစစ်တမ်း ကောက်ယူပြီးနောက် ရက်ပိုင်းအတွင်း Tesla ရှယ်ယာ တန်ဖိုး ၁၆ ရာခိုင်နှုန်း ကျဆင်းသွားတာကြောင့် CEO Elon Musk ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၅၀ ဘီလီယမ် ကျဆင်းသွားခဲ့ပါတယ်။ အဲဒီနောက်မှာ ရှယ်ယာ တန်ဖိုး ၉.၄ ရာခိုင်နှုန်း ပြန်တက်လာခဲ့ပါသေးတယ်။

Bloomberg Billionaires Index အရ အသက် ၅၀ အရွယ် Musk ဟာ ဒေါ်လာ ၃၀၃.၇ ဘီလီယမ် ကြွယ်ဝချမ်းသာပြီး ကမ္ဘာ့ အချမ်းသာဆုံး လူပုဂ္ဂိုလ် ဖြစ်နေပါတယ်။ သူ့ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒီနှစ်ထဲမှာ ၁၃၃.၉ ဘီလီယမ် တိုးတက်လာခဲ့ပြီး Tesla ရှယ်ယာ တန်ဖိုးတွေဟာလည်း ၅၇ ရာခိုင်နှုန်း မြင့်မားခဲ့ပါတယ်။

Ref : thenationalnews

%d bloggers like this: