200MP ကင်မရာ ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်းကို Motorola က ၂၀၂၂ ခုနှစ်မှာ ရောင်းမည်

Samsung ဟာ စက်တင်ဘာလမှာ 200MP ISOCELL HP1 Sensor ကို ကြေညာခဲ့ပြီး အဲဒီ ကင်မရာ ပါတဲ့ စမတ်ဖုန်း မထွက်လာသေးပါဘူး။ အခုတော့ နာမည်ကြီး Tipster ဖြစ်တဲ့ Ice Universe က အဲဒီ စမတ်ဖုန်း ထွက်လာဖို့ မကြာတော့ဘူးလို့ သတင်းပေးလာပါတယ်။ ဒါပေမယ့် အဲဒီ ကင်မရာ ပါတဲ့ ပထမဆုံး စမတ်ဖုန်းကို Samsung က ထုတ်လုပ်ရောင်းချမှာ မဟုတ်ပါဘူး။

Next year will see Snapdragon-powered phones with 200MP cameras - Neowin

Ice Universe က 200MP ကင်မရာ ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းကို Motorola က ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်မှာ ထုတ်လုပ်ရောင်းချမယ်လို့ ပြောပါတယ်။ Ice Universe က Xiaomi ဟာ 200MP ကင်မရာ ဖုန်းကို ၂၀၂၂ ခုနှစ် ဒုတိယ နှစ်ဝက်နဲ့ Samsung ဟာ 200MP ကင်မရာ ဖုန်းကို ၂၀၂၃ ခုနှစ်မှာ ကြေညာမယ်လို့ ပြောပါတယ်။ Samsung Galaxy S23 Ultra မှာ အဲဒီ 200MP ကင်မရာ တပ်ဆင်ထားနိုင်ပါတယ်။

Motorola ဟာ Snapdragon 8 Gen 1 Chipset ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း ဖြစ်တဲ့ Moto Edge X ကို နောက်လမှာ ကြေညာတော့မယ်လို့ သတင်းထွက်နေပါတယ်။ ကမ္ဘာ့ ပထမဆုံး အနေနဲ့ 60MP OmniVision OV60A 0.61μm ဆဲလ်ဖီး ကင်မရာ ပါလာမယ်လို့လည်း သိရပြီး  နိုင်ငံတကာမှာ အဲဒီ စမတ်ဖုန်းကို Motorola Edge 30 Ultra အမည်နဲ့ ရောင်းချနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: