စားပွဲထိုး စက်ရုပ်တွေနဲ့ ဝန်ဆောင်မှု ပေးနေတဲ့ အီရတ်က စားသောက်ဆိုင်

စစ်ဒဏ်ကြောင့် ထောင်းထောင်းကြေခဲ့တဲ့ အီရတ် နိုင်ငံ မိုဆူးမြို့ဟာ စားပွဲထိုး စက်ရုပ်တွေကြောင့် ပြန်လည် အသက်ဝင်နိုးထလာပါပြီ။ White Fox စားသောက်ဆိုင် ပိုင်ရှင် Rami Chkib Abdelrahman က “ ကျွန်တော်တို့ စားသောက်ဆိုင်ကနေ ကြိုဆိုပါတယ်။ စားပွဲထိုး  စက်ရုပ် ဝန်ဆောင်မှုအတွက် အမြင်တွေကို မျှဝေပေးကြပါဦး။ UAE ၊ စပိန်နဲ့ ဂျပန်မှာ စားပွဲထိုး စက်ရုပ်တွေ၊ ထိတွေ့မျက်နှာပြင်ပါတဲ့ စားပွဲတွေနဲ့ ဝန်ဆောင်မှုပေးနေတာ တီဗီမှာ မြင်ဖူးပါတယ်။ အဲဒီ အိုင်ဒီယာကို မိုဆူးမြို့ကို သယ်ဆောင်ဖို့ ကျွန်တော် ကြိုးစားနေပါတယ်။ “ လို့ ဂုဏ်ယူစွာပြောပါတယ်။

White Fox စားသောက်ဆိုင်မှာ Decoration တွေကို ထူးခြားဆန်းသစ်စွာ ဖန်တီးထားပါတယ်။ ဒါပေမယ့် စွဲဆောင်မှု အရှိဆုံးက စားပွဲထိုး စက်ရုပ် ၂ ရုပ် ဖြစ်ပါတယ်။ အဲဒီ စက်ရုပ်တွေဟာ အစားအစာတွေကို စားသုံးသူတွေရဲ့ စားပွဲဆီ ပို့ဆောင်ပေးနေကြပါတယ်။

Robot waiters take Iraq's Mosulites back to the future

စက်ရုပ်တွေကို စားသုံးသူတွေက သဘောကျနေကြပြီး ကလေးငယ်တွေက ဓါတ်ပုံ တွဲရိုက်နေကြပါတယ်။ စားသောက်ဆိုင်က စားပွဲတွေမှာ ၁၅ လက်မ ထိတွေ့မျက်နှာပြင်တွေ တပ်ဆင်ထားပြီး စားသုံးသူတွေဟာ မီနူးကနေ အစားအစာတွေကို မှာယူနိုင်ပါတယ်။

မိုဆူး တက္ကသိုလ် Mechatronics ဌာနက အဲဒီ စက်ရုပ်တွေအတွက် ပရိုဂရမ် ရေးဆွဲတာ၊ Network နဲ့ ဆာဗာ ချိတ်ဆက်တာတွေကို ဖန်တီးပေးထားကြပါတယ်။ ဒါပေမယ့် စက်ရုပ်တွေဟာ လူသား စားပွဲထိုးတွေရဲ့ အလုပ်အားလုံးကို မလုပ်နိုင်သေးပါဘူး။ စက်ရုပ်တွေဟာ အစားအစာတွေကို စားပွဲဆီသာ ယူဆောင်ပေးနိုင်ပြီး လူငယ် ဝန်ထမ်း ၄ ယောက်က စက်ရုပ်တွေ သယ်ယူလာတဲ့ အစားအစာတွေကို စားသုံးသူတွေရဲ့ စားပွဲပေါ်မှာ နေရာချပေးကြပါတယ်။

Ref : channelnewsasia

%d bloggers like this: