အကိုက်အခဲပျောက်ဆေးနဲ့ မှားပြီး Apple AirPod ကို မြိုချမိခဲ့တဲ့ အမျိုးသမီး

အမေရိကန် နိုင်ငံ ဘော့စတွန်က အမျိုးသမီး ၁ ယောက်ဟာ Ibuprofen အကိုက်အခဲပျောက်ဆေးနဲ့ မှားပြီး Apple AirPod နားကြပ် ၁ ဖက်ကို မြိုချမိခဲ့ပါတယ်။ သူမက ပညာပေးအနေနဲ့ ဒီအကြောင်းကို TikTok မှာ မျှဝေထားပါတယ်။

Girl accidentally swallows an AirPod instead of an ibuprofen tablet: “It kept working”

သူမက “ အိပ်ယာထဲမှာ လှဲနေခဲ့ပြီး ညာဘက်လက်မှာ Ibuprofen 800 ကို ကိုင်ထားပါတယ်။ ဘယ်ဘက်လက်ထဲမှာ AirPod နားကြပ် ၁ ဖက်ရှိနေပါတယ်။ အဲဒီနောက်မှာ ရေဘူးယူပြီး ဆေးသောက်လိုက်ပါတယ်။ သောက်ပြီးပြီးချင်းမှာပဲ အဲဒါဟာ ဆေးမဟုတ်ဘူးဆိုတာ နားလည်လိုက်ပါတယ်။ အန်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ “ လို့ ရှင်းပြထားပါတယ်။

Swap an AirPods for ibuprofen and swallow it - Gamingsym

ဖုန်းပြောတဲ့အချိန်မှာ iPhone နဲ့ မြိုချထားတဲ့ နားကြပ်ဟာ ချိတ်ဆက်နေတယ်လို့ သူမက ပြောပါတယ်။ သူမ သူငယ်ချင်း ၁ ယောက်ထံ ပေးပို့လိုက်တဲ့ Voice Message မှာလည်း ဗိုက်ထဲက အသံတွေ ပါနေပါတယ်။

သူမဟာ X-ray ရိုက်ကြည့်တဲ့အခါမှာ နားကြပ်ဟာ အစာအိမ်ထဲကနေ ထွက်သွားပြီဆိုတာ သိလိုက်ရပါတယ်။ သူမက “ ကျွန်မ အစာအိမ်ထဲကို နားကြပ်ရောက်ခဲ့တာ ခံစား သိမိပါတယ်။ အခုတော့ အစာအိမ်ထဲကနေ ထွက်သွားပြီ ဖြစ်တဲ့အတွက် စိတ်သက်သာသွားပါပြီ။” လို့ ပြောပါတယ်။

AirPod နားကြပ်ကို မတော်တဆ မြိုချမိတာ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ မက်ဆာချူးဆက်က အမျိုးသား ၁ ယောက်ဟာ အိပ်ပျော်နေစဉ်မှာ နားကြပ် ၁ ဖက်ကို မြိုချမိခဲ့သလို ဂျော်ဂျီယာက အသက် ၇ နှစ်အရွယ် ကလေးဟာလည်း မြိုချမိခဲ့လို့ ဆေးရုံရောက်ခဲ့ဖူးပါတယ်။

Ref : appleinsider, mysmartprice

%d bloggers like this: