အိမ်အကူ စက်ရုပ်တွေနဲ့ တက္ကစီ လေယာဉ်တွေ ၂၀၃၆ ခုနှစ်မှာ ပေါ်လာမည်

အနာဂတ်ကို မြင်ယောင်ကြည့်လိုက်ပါ။ သင် တက္ကစီ လေယာဉ်နဲ့ အပြင်သွားနေချိန်မှာ အိမ် အကူ စက်ရုပ်က အိမ် အလုပ်တွေ အားလုံးကို လုပ်ပေးထားမှာပါ။ အဝတ်အစားရောင်းတဲ့ ဆိုင်မှာ သင်နဲ့ မတော်တဲ့ အဝတ်အစား ဝယ်ယူမိမှာကိုလည်း စိတ်ပူစရာ မလိုပါဘူး။ ဒစ်ဂျစ်တယ် Body Scanner က သင်နဲ့ ကွက်တိဖြစ်တဲ့ အဝတ်အစားတွေကို ရွေးချယ်ပေးမှာပါ။

The panel believes by 2036 you'll be able to try out holiday destinations with an immersive virtual reality headset

အိမ်မပြန်ခင်မှာ ခရီး ၁ ခု သွားလို့ရသေးတယ်ဆိုရင် သင် အံ့ဩသွားမလား။ ခရီးသွား ဝန်ဆောင်မှု ၁ ခုကို သွားပြီး Virtual Reality Headset နဲ့ သင့်ကြိုက်တဲ့ ကမ္ဘာ့ ဘယ်နိုင်ငံကို မဆို အလည်သွားနိုင်ပါတယ်။

Flying taxi – level 1 - News in Levels

ဒါတွေဟာ အနာဂတ်မှာ တကယ် ဖြစ်လာတော့မယ် ဆိုတာ မယုံမရှိပါနဲ့။  ကျွမ်းကျင်သူတွေက အထက်ဖော်ပြပါ နည်းပညာတွေဟာ ၂၀၃၆ ခုနှစ်အတွင်း ဗြိတိန်မှာ ပေါ်ပေါက်လာတော့မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ သူတို့ ခန့်မှန်းချက်တွေထဲမှာ ကျန်းမာရေးကို စောင့်ကြည့်ပေးနိုင်တဲ့ အရေပြားတွေကို အစားထိုးလဲလှယ်တာနဲ့ ပုံရိပ်ယောင် ကျောင်းဆရာ၊ ဆရာမတွေလည်း ပါဝင်ပါသေးတယ်။ စမတ် အိမ်သာတွေက စွန့်ပစ် အညစ်အကြေးတွေကနေ ရောဂါတွေကို ရှာဖွေပေးနိုင်မှာပါ။

ပညာရှင်တွေထဲက အနာဂတ်ကို ကြိုတင်ခန့်မှန်းရာမှာ ကျွမ်းကျင်သူ ဒေါက်တာ Ian Pearson က ဒီဟောကိန်းတွေကို NatWest Future Businesses Report အတွက် ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ သူက နည်းပညာတွေ အရှိန်အဟုန်နဲ့ မြင့်မားလာတဲ့အတွက် စီးပွားရေး လုပ်ငန်းတွေ အပါအဝင် နယ်ပယ် အသီးသီးဟာ ဆန်းသစ်မြင့်မားလာမယ်လို့ ပြောပါတယ်။

Ref : dailymail

%d bloggers like this: