Tesla App လိုင်းကျလို့ Lock Out ဖြစ်တာကို ဖြေရှင်းပြီးပြီလို့ Elon Musk ပြော

Tesla ပိုင်ရှင် ၅၀၀ လောက်က ကုမ္ပဏီရဲ့ မိုဘိုင်း App မှာ ပြဿနာ ၁ ခုရှိတဲ့အတွက် သူတို့ ကားတွေကနေ Lock Out ဖြစ်သွားတယ်လို့ တိုင်ကြားထားကြပါတယ်။ ပိုင်ရှင်တွေက အဲဒီ ပြဿနာကို တွစ်တာမှာ ရေးသားထားကြသလို Tesla နဲ့ Elon Musk တို့ကို တိုက်ရိုက် တိုင်ကြားခဲ့ကြပါတယ်။

Tesla CEO Elon Musk

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မှ User ၁ ယောက်က “ ကျွန်တော့် Tesla Model 3 နဲ့ချိတ်ဆက်ဖို့ iOS App မှာ 500 Server Error ဖြစ်နေခဲ့ပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာလို့ ထင်ပါတယ်။ @elonmusk “ လို့ ရေးသားထားပါတယ်။ အဲဒီနောက်မှာ Tesla ပိုင်ရှင် Musk က လိုင်းပြန်တက်နေပြီ ဖြစ်ပြီး နောက် ၁ ကြိမ် မဖြစ်အောင် ထိန်းသိမ်းပေးမယ်လို့ တွစ်တာမှာ ပို့စ်တင်ခဲ့သလို ကား ပိုင်ရှင်တွေကို တောင်းပန်ခဲ့ပါတယ်။

Tesla drivers left unable to start their cars after outage - BBC News

Tesla ပိုင်ရှင်တွေဟာ ကားသော့အစား  မိုဘိုင်း App ကနေ ကားကို Unlock ပြုလုပ်နိုင်ကြပါတယ်။ “ ကားသုံးဖို့အတွက် ကားသော့ဟာ အဓိက ကျပါတယ်။ ဖုန်း သုံးမရတဲ့ အချိန်မှာ အခက်အခဲ မဖြစ်အောင် ကားသော့ကို အမြဲ ဆောင်ထားသင့်ပါတယ်။ “ လို့ Tesla ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က အရင်က ပြောခဲ့ဖူးပါတယ်။

Tesla ကားနဲ့ မိုဘိုင်း App ဟာ ဘလူးတု ကနေ ဆက်သွယ်ကြတာ ဖြစ်ပြီး App ကနေ ကားကို Unlock လုပ်နိုင်ပါတယ်။

၂၀၁၉ ခုနှစ်တုန်းကလည်း App အလုပ်မလုပ်တဲ့အတွက် ကား ပိုင်ရှင်တွေ Unlock လုပ်လို့ မရတဲ့ ပြဿနာ ဖြစ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း Tesla ရဲ့ ကွန်ရက် လိုင်းကျသွားတဲ့အတွက် ကားပိုင်ရှင်တွေဟာ ကား သော့ကို အသုံးပြုခဲ့ရပါတယ်။

Ref : businessinsider

%d bloggers like this: