Rolls-Royce က သူ့ အီလက်ထရစ် လေယာဉ်ဟာ ကမ္ဘာ့ အမြန်ဆုံးလို့ ကြွေးကြော်

Rolls-Royce ရဲ့ Spirit of Innovation အီလက်ထရစ် လေယာဉ်ဟာ အမြင့်ဆုံး အနေနဲ့ 623 km/h (387.4 mph) အမြန်နှုန်းကို ရရှိထားပြီး ကုမ္ပဏီက ကမ္ဘာ့ အမြန်ဆုံး အီလက်ထရစ် လေယာဉ်လို့ ယုံကြည်ထားပါတယ်။

ကုမ္ပဏီဟာ ကမ္ဘာ့ စံချိန် ၃ ခုအတွက် Federation Aeronautique Internationale (FAI) ဆီ စာရင်းတင်ထားပါတယ်။ UK Ministry of Defence’s Boscombe Down လေယာဉ် စမ်းသပ်တဲ့ Site မှာ ပြုလုပ်ခဲ့တဲ့ စံချိန်တင် မောင်းနှင်ပွဲမှာ အဲဒီ လေယာဉ်ဟာ ၃ ကီလိုမီတာ  ခရီးအတွင်း အမြင့်ဆုံး အနေနဲ့ 555.9 km/h (345.4 mph) ကို ရရှိခဲ့ပြီး လက်ရှိ စံချိန် ဖြစ်တဲ့ 213.04 km/h (132mph) ကို ကျော်တက်နိုင်ခဲ့ပါတယ်။

Rolls-Royce 'Spirit of Innovation' Is the World's Fastest All-Electric Aircraft

နောက်ထပ် စံချိန်တင် မှတ်တမ်း ၁ ခုမှာ လေယာဉ်ဟာ ၁၅ ကီလိုမီတာ အတွင်း 532.1km/h (330 mph) အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ ၆၀ စက္ကန့်အတွင်း အမြင့် မီတာ ၃,၀၀၀ ကို ပျံတက်နိုင်ခဲ့တဲ့ စံချိန်ကိုလည်း ချိုးနိုင်ခဲ့ပါတယ်။

စက်တင်ဘာလမှာ Spirit of Innovation လေယာဉ်ဟာ ပထမဆုံး အကြိမ် ပျံသန်းခဲ့ပြီး ကုမ္ပဏီက 300 mph (480 km/h) နဲ့ မောင်းနှင်ဖို့ ကြိုးစားမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် စံချိန်တင်ပွဲမှာ အမြင့်ဆုံး အနေနဲ့ 623 km/h (387.4 mph) အထိ ရရှိခဲ့ပါတယ်။

Spirit of Innovation ဟာ ACCEL or ‘Accelerating the Electrification of Flight စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ပါတနာတွေထဲမှာ လေယာဉ် စွမ်းအင် သိုလှောင်မှု ကျွမ်းကျင်တဲ့ Electroflight နဲ့ YASA တို့ ပါဝင်ပါတယ်။

Ref : inceptivemind

%d bloggers like this: