ခွေးတွေအတွက် ကမ္ဘာ့ ပထမဆုံး ဖုန်း

စကော့တလန် ဂလက်စကို တက္ကသိုလ်မှ သုတေသန ပညာရှင် ဒေါက်တာ Hirskyj-Douglas က ခွေးတွေအတွက် ကမ္ဘာ့ ပထမဆုံး ဖုန်းကို ဖန်တီးလိုက်ပါတယ်။ သူမရဲ့ အသက် ၁၀ နှစ်အရွယ် လာဘရာဒေါ ခွေးလေး ဖြစ်တဲ့ Zack အတွက် ဒီဖုန်းကို ရည်ရွယ်ဖန်တီးခဲ့တာပါ။ DogPhone လို့ နာမည်ပေးထားပြီး ဖုန်း ဒီဇိုင်းက အရွယ်သေး ဘောလုံးလေး ဖြစ်ပါတယ်။ အဲဒီမှာ ဆန်ဆာ ၁ လုံး တပ်ဆင်ထားပြီး ခွေးက ဘောလုံးကို ကစားတဲ့အခါမှာ ခွေးပိုင်ရှင်ဆီ Video Call ခေါ်ပေးမှာပါ။ Incoming Call ကို ဖြေချင်တဲ့အခါမှာလည်း ခွေးက ဘောလုံးကို ထိတွေ့လိုက်လို့ရပါတယ်။

DogPhone ကို ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ထားတာ မဟုတ်ဘဲ ခွေးတွေရဲ့ နည်းပညာအသုံးချနိုင်စွမ်းကို သုတေသနပြုလုပ်ဖို့ ဖြစ်ပါတယ်။ တီထွင်သူက “ ကျွန်မ ခွေးနဲ့ တခြားခွေးတွေအတွက် Device များစွာ ဖန်တီးခဲ့ပြီး ခွေးတွေရဲ့ ဘဝတွေ တိုးတက်ဖို့အတွက် အဲဒီ Device တွေဟာ အရမ်း အရေးပါပါတယ်။ “ လို့ ပြောပါတယ်။

This toy allows your dog to 'call' you - CNN Video

Hirskyj-Douglas က သူမ ခွေးဆီကနေ Video Call ဝင်လာတဲ့အခါ အရမ်းကို စိတ်လှုပ်ရှားရတယ်လို့ ပြောပါတယ်။

ခွေးတွေဟာ Video Call ခေါ်တာကို နားလည်ပါ့မလား? အိမ်မှာ သခင် မရှိတဲ့အခါမှာ Video Call ကနေ သခင်ကို ဆက်သွယ်နိုင်လာမလား? စတဲ့ မေးခွန်းတွေကိုတော့ DogPhone ကနေ ဆက်လက် သုတေသနပြုလုပ်လေ့လာရမှာ ဖြစ်ပါတယ်။

Ref : gizmodo

%d bloggers like this: