ဗြိတိန်က ပျက်ကျသွားတဲ့ F-35 တိုက်လေယာဉ်ရဲ့ လျှို့ဝှက်နည်းပညာတွေကို ရုရှားတွေ မရသွားအောင် ရှာဖွေနေ

ဗြိတိန်ရဲ့ စတာလင်ပေါင် သန်း ၁၀၀ တန် F-35B တိုက်လေယာဉ် ၁ စီးဟာ မြေထဲပင်လယ်မှာ ပျက်သွားပြီးနောက် လေယာဉ်ရဲ့ လျှို့ဝှက်နည်းပညာတွေကို ရုရှားတွေ မရအောင် လေယာဉ် အပျက်အဆီးတွေကို ရှာဖွေနေပါတယ်။ လေယာဉ်ဟာ လေ့ကျင့်ရေး ပြုလုပ်နေချိန်မှာ ပျက်ကျသွားတာဖြစ်ပြီး ပိုင်းလော့ကတော့ ခုန်ထွက်နိုင်ခဲ့ပါတယ်။ လေယာဉ်ဟာ ပင်လယ်ရေ မျက်နှာပြင်နဲ့ အရှိန်ပြင်းစွာ ထိခိုက်မိပြီး ပျက်ဆီးသွားတယ်လို့ ထင်ရပြီး အဲဒီ အပျက်အဆီးတွေထဲမှာ လျှို့ဝှက်နည်းပညာတွေ ပါသွားနိုင်ပါတယ်။

The pilot ejected shortly before the fighter jet crashed into the sea

F-35B လေယာဉ်ဟာ ဗြိတိန်ရဲ့ HMS Queen Elizabeth လေယာဉ်တင် သင်္ဘောကနေ ထွက်ခွာကာ လေ့ကျင့်ရေး ပြုလုပ်ခဲ့တာဖြစ်ပြီး အသံထက်မြန်တဲ့နှုန်းနဲ့ပျံသန်းနိုင်ကာ ရန်သူတွေ ထောက်လှမ်းလို့ မရအောင် ကိုယ်ဖျောက်နိုင်ပါတယ်။ ဗြိတိန်ရဲ့ နည်းပညာ အမြင့်ဆုံး လေယာဉ် ဖြစ်ပြီး ဒေါင်လိုက်ဆင်းသက်နိုင်ပါတယ်။ ဒီလို လေယာဉ် ဆုံးရှုံးသွားတာ ဗြိတိန်ရဲ့ ပထမဆုံး ဖြစ်ပါတယ်။

Technology on the aircraft includes top secret radar and sensors that allows the F-35B to fly at supersonic speeds without being seen

လေယာဉ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ပျက်ကျသွားခဲ့တာ ဖြစ်ပြီး ပိုင်းလော့ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ စတာလင်ပေါင် ၃.၅ ဘီလီယမ်တန်ပြီး ဗြိတိန်ရဲ့ အကြီးမားဆုံး လေယာဉ်တင် သင်္ဘောဖြစ်တဲ့ Queen Elizabeth ပေါ်မှာ F-35B တိုက်လေယာဉ် အစီး ၂၀ ပါလာခဲ့ပါတယ်။

လေယာဉ် ပျက်ကျချိန်မှာ HMS Queen Elizabeth ဟာ မြေထဲပင်လယ် အရှေ့ပိုင်းကို ရောက်ရှိနေတာ ဖြစ်ပြီး တရုတ် ပင်လယ်ကနေ ဗြိတိန်ကို ပြန်တော့မှာ ဖြစ်ပါတယ်။ သင်္ဘောနဲ့ ပျက်ကျတဲ့ လေယာဉ် အကွာအဝေးကို မသိရသေးသလို လေယာဉ် အစိတ်အပိုင်း ချွတ်ယွင်းတာကြောင့် ပျက်ကျတာလားဆိုတာ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Ref : mirror.co.uk

 

%d bloggers like this: