အလိုအလျှောက် မောင်းနှင်နိုင်တဲ့ Apple Car ကို ၂၀၂၅ ခုနှစ်မှာ ရောင်းချနိုင်

Apple က အီလက်ထရစ် ကားကို ဖန်တီးနေတဲ့ သတင်းတွေ ထွက်နေတာ နှစ်အနည်းငယ် ရှိပါပြီ။ အခုတော့   Apple Car ကို ၂၀၂၅ ခုနှစ်မှာ ရောင်းချနိုင်ပြီး အဲဒီ အီလက်ထရစ်ကားဟာ အလိုအလျှောက် မောင်းနှင်နိုင်မယ်လို့ သတင်းထွက်လာပါတယ်။

Apple Car: For Real This time?. by Jean-Louis Gassée | by Jean-Louis Gassée | Monday Note

Apple Car ကို ဖန်တီးနေတဲ့ အဖွဲ့ဟာ မောင်းသူကို ကူညီပေးတဲ့ လုပ်ဆောင်ချက်တွေပါတဲ့ ရိုးရိုး အီလက်ထရစ်ကားကို ထုတ်လုပ်ရမလား၊ အလိုအလျှောက် မောင်းနှင်နိုင်တဲ့ အီလက်ထရစ်ကားကို ဖန်တီးရမလားဆိုတာ စဉ်းစားနေခဲ့ပါတယ်။ အခုတော့ Bloomberg ရဲ့ သတင်းအရ Apple ဟာ အလိုအလျှောက် မောင်းနှင်နိုင်တဲ့ အီလက်ထရစ်ကားကို ဖန်တီးဖို့ရွေးချယ်လိုက်ပြီလို့ ထင်ရပါတယ်။

Rumor: Apple may be working with Toyota to start production of the Apple Car in 2024 - NotebookCheck.net News

Apple Car စီမံကိန်းကို Project Titan လို့ နာမည်ပေးထားပြီး Kevin Lynch က အဲဒီ စီမံကိန်းကို ဦးဆောင်နေပါတယ်။ အဲဒီ ကားမှာ စတီယာရင်နဲ့ ခြေနင်းတွေ မပါတဲ့အတွက် လူက လုံးဝ ဝင်ရောက် ထိန်းကြောင်းစရာ မလိုပါဘူး။

လူရဲ့ ထိန်းကြောင်းမှု လုံးဝ မလိုတဲ့ မောင်းသူမဲ့ ကားကို Level 6 Autonomous Vehicle အဖြစ် သတ်မှတ်ထားပြီး လက်ရှိမှာ အဲဒီစံနှုန်းရှိတဲ့ ကားကို ဘယ်သူမှ မဖန်တီးနိုင်သေးပါဘူး။ Apple က အဲဒီလို ကားကို ဖန်တီးပြမယ် ဆိုတာက တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။

Ref : gizmodo

%d bloggers like this: