၁ နာရီ မိုင် ၄၀၀၀ အမြန်နှုန်းနဲ့ ပျံသန်းနိုင်မယ့် လေယာဉ်

UK Space Agency က အလင်းရဲ့ အမြန်နှုန်းနဲ့ ပျံသန်းနိုင်မယ့် နည်းပညာမြင့် အာကာသ လေယာဉ်ကို ဖန်တီးမှာ ဖြစ်ပြီး အစောဆုံး အနေနဲ့ ၂၀၃၀ ခုနှစ်မှာ ခရီးသည်တွေကို ပို့ဆောင်ပေးမယ်လို့ မကြာခင်က ကြေညာလိုက်ပါတယ်။ UK Space Agency ရဲ့ စီအီးအို Graham Turnock က “ ကမ္ဘာ့တိုက်ကြီး ၁ ခုကနေ အခြား ၁ ခုကို ၄ နာရီအတွင်း ခရီးသည်တွေကို အရောက်ပို့ဆောင်ပေးနိုင်မယ့် လေယာဉ်ကို ဖန်တီးဖို့ Australia နဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ “ လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောပါတယ်။ အဲဒီ အမြန်နှုန်းနဲ့ဆိုရင် လန်ဒန် ကနေ နယူးယောက်ကို ၁ နာရီအတွင်း ပို့ဆောင်ပေးနိုင်မှာပါ။

SABRE hypersonic space plane

Reaction Engines က သိပ္ပံပညာရှင်တွေ လက်ရှိမှာ ဖန်တီးနေတဲ့ SABRE (Synergetic Air-Breathing Rocket Engine) အမည်ရ အသံထက် ၅ ဆမြန်တဲ့ အင်ဂျင်ကို အဲဒီ လေယာဉ်မှာ တပ်ဆင်ထားမှာပါ။ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် ပေါင်းစပ်မှုနဲ့ SABRE ဟာ ၁ နာရီ မိုင် ၄၀၀၀ အမြန်နှုန်းနဲ့ မောင်းနှင်ပေးနိုင်ပါတယ်။ အဲဒီ အမြန်နှုန်းဟာ အသံထက် ၅ ဆနီးပါးလောက် ရှိပြီး အရမ်းမြန်တဲ့ လေယာဉ် ခရီးစဉ်တွေကို ဝန်ဆောင်မှုပေးနိုင်မှာပါ။ ဒါ့အပြင် လက်ရှိ လေယာဉ် စီးနင်းခတွေထက် သက်သာမှာ ဖြစ်ပါတယ်။

SABRE hypersonic space plane

ဒီလို အသံထက် ၅ ဆမြန်တဲ့ လေယာဉ်တွေရဲ့ စိန်ခေါ်မှုတွေထဲက ၁ ခုက အင်ဂျင်ဟာ အပူဒဏ်ကို ခံနိုင်ဖို့ဖြစ်ပါတယ်။ ဒီလောက် အမြန်နှုန်းနဲ့ဆိုရင် အင်ဂျင်ဟာ အရည်ပျော်သွားနိုင်ပါတယ်။ ဒါပေမယ့် SABRE ဟာ ဝင်လာတဲ့ လေကို အရမ်း အေးတဲ့ ဟီလီယမ် Tube ထဲမှာ ထိန်းထားနိုင်ပြီး ထွက်လာတဲ့ အပူကနေ အင်ဂျင်ကို စွမ်းအင် ပေးနိုင်ပါတယ်။

Reaction Engines က “ ကျွန်တော်တို့ အအေးပေးစနစ်ဟာ ၁၀၀၀ ဒီဂရီ စင်တီဂရိတ်နှုန်းနဲ့ ဝင်လာတဲ့ လေကို ၁ စက္ကန့်ရဲ့ ၂၀ ပုံ ၁ ပုံအတွင်း အေးမြအောင် ပြုလုပ်ပေးနိုင်ပါတယ်။ “ လို့ ပြောပါတယ်။ Reaction Engines ဟာ အသံထက် ၅ ဆမြန်တဲ့ လေယာဉ်ကို ဆက်လက် စမ်းသပ်နေပြီး ၂၀၃၀ ခုနှစ်မှာ စီးပွားဖြစ် ဝန်ဆောင်မှုပေးဖို့ စီစဉ်ထားပါတယ်။

Ref : robbreport

%d bloggers like this: