20GB RAM ကျော်ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း

ZTE က ဒီလ ၂၅ ရက်နေ့မှာ Axon 30 Ultra Aerospace Version ကို ရောင်းချမယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ 20GB RAM ကျော်ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း အဖြစ် သမိုင်းမှတ်တမ်းဝင်သွားပါတယ်။ တကယ်တော့ 18GB RAM တပ်ဆင်ထားတာ ဖြစ်ပေမယ့် ZTE ရဲ့ Memory Fusion Technology Pro ကြောင့် 20GB RAM ကျော်အထိ ပံ့ပိုးပေးနိုင်တာပါ။ တစ်နည်း ပြောရရင် Axon 30 Ultra Aerospace Version ဟာ 18GB RAM ပါတဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

20GB RAM

Storage အပိုင်းမှာ 1TB အထိ ထည့်သွင်းပေးထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး ပင်မ ကင်မရာ၊ Ultrawide Angle ကင်မရာ အပါအဝင် ကင်မရာ ၃ လုံးဟာ 64MP ဖြစ်ပါတယ်။ နောက်ကင်မရာက 8MP 5x Optical Zoom Periscope ဖြစ်ပါတယ်။

ZTE Axon 30 Ultra 16GB + 1TB Version ကို ယွမ် ၆,၆၆၆ နဲ့ ရောင်းပေးထားတဲ့အတွက် Axon 30 Ultra Aerospace Version ကို ယွမ် ၇,၀၀၀ ကျော်နဲ့ ရောင်းချနိုင်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၁၉ သိန်းကျော်နိုင်ပါတယ်။

ZTE ဟာ Axon 30 5G မှာလည်း 12GB RAM ထည့်သွင်းပေးထားပေမယ့် 8GB Virtual RAM ပံ့ပိုးပေးနိုင်အောင်ပြုလုပ်ပေးထားတဲ့အတွက် 20GB RAM အထိ အသုံးပြုနိုင်ပါတယ်။ အခုတော့ 20GB RAM ကျော် အသုံးပြုလို့ရတဲ့ Axon 30 Ultra Aerospace Version ကို ချပြလိုက်တာပါ။

Ref : gizchina, gsmarena

%d bloggers like this: