အမေရိကန်ကို ကျော်ပြီး ကမ္ဘာ့ အချမ်းသာဆုံး ဖြစ်လာတဲ့ တရုတ်

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ကမ္ဘာ့ ချမ်းသာမှုဟာ ၃ ဆ မြင့်တက်ခဲ့ပြီး တရုတ်ဟာ အမေရိကန်ကို ကျော်တက်ကာ ကမ္ဘာ့ အချမ်းသာဆုံး ဖြစ်လာတယ်လို့ Bloomberg က ရေးသားထားပါတယ်။ ကမ္ဘာ့ ဝင်ငွေရဲ့ ၆၀ ရာခိုင်နှုန်းကျော် ရှိတဲ့ နိုင်ငံ ၁၀ ခုရဲ့ ချမ်းသာကြွယ်ဝမှုကို တွက်ချက်ထားတဲ့ McKinsey & Co. ရဲ့ စစ်တမ်းအရ တရုတ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ကမ္ဘာ့ ချမ်းသာကြွယ်ဝမှုရဲ့ ၃ ပုံပုံ ၁ ပုံနီးပါးကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

USA vs China: Who wins? India - The Sunday Guardian Live

ဇူးရစ်က McKinsey Global Institute ရဲ့ ပါတနာ Jan Mischke က “ ကမ္ဘာကြီးဟာ အရင်ကထက် ပိုချမ်းသာကြွယ်ဝလာပါပြီ။” လို့ အင်တာဗျူး ၁ ခုမှာ ပြောပါတယ်။ စစ်တမ်းအရ ကမ္ဘာ့ ချမ်းသာကြွယ်ဝမှုဟာ ၂၀၀၀ ခုနှစ်မှာ ဒေါ်လာ ၁၅၆ ထရီလီယမ်ပဲရှိရာကနေ ၂၀၂၀ ခုနှစ်မှာ ဒေါ်လာ ၅၁၄ ထရီလီယမ် အထိ မြင့်တက်ခဲ့ပါတယ်။ တရုတ်ဟာ အဲဒီ ပမာဏရဲ့ ၃ ပုံပုံ ၁ ပုံကို ပိုင်ဆိုင်ထားပါတယ်။

US Vs China Trade War Can You Still Buy Gold? 2021

တရုတ်ရဲ့ ချမ်းသာ ကြွယ်ဝမှုဟာ World Trade Organization မှာ အဖွဲ့မဝင်ခင် ၂၀၀၀ ခုနှစ်မှာ ဒေါ်လာ ၇ ထရီလီယမ်ပဲ တိုးတက်ခဲ့ရာကနေ ၂၀၂၀ ခုနှစ်မှာ ဒေါ်လာ ၁၂၀ ထရီလီယမ် အထိ မြင့်တက်ခဲ့ပါတယ်။

Ref : businessinsider

%d bloggers like this: