ကမ္ဘာ့ ပထမဆုံး USB-C iPhone ကို eBay မှာ သိန်း ၁,၅၀၀ ကျော်နဲ့ လေလံတင် ရောင်းချနိုင်ခဲ့

Lightning Port နေရာမှာ USB-C Port တပ်ဆင်ထားတဲ့ iPhone X ကို စက်ရုပ် အင်ဂျင်နီယာ ကျောင်းသား Kenn Pillonel က ဖန်တီးခဲ့ပါတယ်။ USB-C Port ပါတဲ့ ကမ္ဘာ့ ပထမဆုံး iPhone အဖြစ် သမိုင်း မှတ်တမ်းဝင်သွားပြီး သူ့ရဲ့ USB-C Port ကို အားသွင်းဖို့နဲ့ ဒေတာ ကူးပြောင်းဖို့အတွက်ပါ အသုံးပြုနိုင်ပါတယ်။

Pillonel ဟာ ကမ္ဘာ့ ပထမဆုံး USB-C iPhone ကို eBay မှာ လေလံတင် ရောင်းချခဲ့ပြီး ၈၆,၀၀၁ ဒေါ်လာရခဲ့ပါတယ်။ လက်ရှိပေါက်ဈေးအရ မြန်မာငွေ သိန်း ၁,၅၀၀ ကျော် တန်ကြေးရှိပြီး iPhone X မူလ ရောင်းဈေးထက် အဆ ၈၀ ကျော်တောင် ရခဲ့တာက အံ့အားသင့်စရာ ကောင်းပါတယ်။

လေလံ ကြမ်းခင်းဈေးကို ၁ ဒေါ်လာ သတ်မှတ်ခဲ့တာ ဖြစ်ပြီး ပထမဆုံး ၁ ရက်မှာပဲ ဒေါ်လာ ၃,၀၀၀ ကျော်ရခဲ့ပါတယ်။ အဲဒီနောက်မှာ ဒေါ်လာ သောင်းနဲ့ချီပြီး လေလံ အပြိုင်အဆိုင် ဆွဲခဲ့ကြပါတယ်။ ဒေါ်လာ ၁၀၀,၀၀၀ လောက်ပေးတဲ့ လူတွေတောင် ရှိခဲ့ပေမယ့် ပြန်လည် ရုပ်သိမ်းသွားခဲ့ကြပြီး  စုစုပေါင်း လေလံဆွဲသူ ၁၁၆ ယောက်ရှိခဲ့ပါတယ်။

Pillonel ဟာ နမူနာ မော်ဒယ်ကို ရောင်းချလိုက်ပြီ ဖြစ်ပေမယ့် USB-C iPhone ရဲ့ Fast Charging ၊ ရေစိုခံ စံနှုန်းနဲ့ USB-C Accessory တွေ ထောက်ပံ့မှုတွေနဲ့ ပတ်သက်ပြီး ပိုမို တိုးတက်ကောင်းမွန်အောင် ဖန်တီးမှာ ဖြစ်ပါတယ်။

Ref : theverge

%d bloggers like this: