သိန်း ၈၀၀ ကျော်တန် iPhone 13 Pro ကို ရောင်းချလိုက်တဲ့ Caviar

နာမည်ကျော် တန်ဖိုးကြီး ဖုန်းတွေကို စိန်၊ ရွှေ၊ ကျောက်သံပတ္တမြားတွေနဲ့ အလှဆင် ရောင်းချတဲ့ ရုရှား ကုမ္ပဏီ Caviar က ဒီ ၁ ခါလည်း ထူးထူးဆန်းဆန်းတွေ လုပ်ပြလိုက်ပါပြီ။ iPhone 13 Pro Tyrannophone လို့ အမည်ပေးထားတဲ့ ဖုန်းမှာ သက်တမ်း နှစ်သန်းပေါင်း  ၈၀ ရှိပြီ ဖြစ်တဲ့ T-Rex ဒိုင်နိုဆောရဲ့ တကယ့် သွားအပိုင်းအစတွေနဲ့ အလှဆင်ထားပါတယ်။

Tera Series မှာ Monsterphone ပါလာပြီး မာကျောတဲ့ တိုက်တေနီယမ် Panel နဲ့ တည်ဆောက်ထားပါတယ်။ Teradiamond မော်ဒယ်ရဲ့ အနောက်ဘက်မှာ စိန်ပွင့်ပေါင်း ၁,၀၂၄ လုံးနဲ့ အလှဆင်ထားပါတယ်။

Tyrannophone ရဲ့ အနောက်ဘက်မှာ ဒိုင်နိုဆော ဦးခေါင်း ဒီဇိုင်း ဖန်တီးထားပြီး မျက်လုံးကို ပယင်း အစစ်နဲ့ ပြုလုပ်ထားပါတယ်။ ဦးခေါင်းကို တိုက်တေနီယမ်နဲ့ တည်ဆောက်ထားပြီး ဒိုင်နိုဆောရဲ့ တကယ့် သွားအပိုင်းအစတွေ ထည့်သွင်းထားပါတယ်။ အဲဒီ ဖုန်းဟာ Limited Edition ဖြစ်ပြီး Caviar က ၇ လုံးပဲ ထုတ်လုပ်ရောင်းချမှာပါ။

Monsterphone ကို ဒေါ်လာ ၇,၀၀၀ သတ်မှတ်ထားပြီး လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၁၂၄ သိန်းလောက် တန်ကြေးရှိပါတယ်။ Tyrannophone ကတော့ ဒေါ်လာ ၉,၀၀၀ ဖြစ်ပြီး သိန်း ၁၅၀ ကျော်ပါတယ်။ အားလုံးထဲမှာ ဈေးအကြီးဆုံးက စိန်ပွင့် ၁,၀၂၄ လုံးနဲ့ အလှဆင်ထားတဲ့ Teradiamond ဖြစ်ပြီး ဒေါ်လာ ၄၉,၂၄၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ သိန်း ၈၀၀ ကျော်တောင် တန်ကြေးရှိပါတယ်။

Ref : gsmarena

%d bloggers like this: