Apple ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တဲ့ Steve Jobs နှင့် Steve Wozniak တို့၏ ပထမဆုံး ထုတ်လုပ်ရောင်းချတဲ့ Apple-1 ကွန်ပြူတာတစ်လုံးကို ကာလီဖိုးနီးယားပြည်နယ်၊ John Moran လေလံပွဲမှာ ဒေါ်လာ ၄ သိန်းခန့်ဖြင့်ရောင်းချခဲ့ပါတယ်။
အသစ်သားကိုယ်ထည်နဲ့ လှလှပပ ပြုလုပ်ထားတဲ့ ဒီကွန်ပြူတာလေးဟာ ၂ လက်ကိုင်လေးဖြစ်ပြီး အခုရောင်းချတဲ့သူက ၁၉၇၇ ခုနှစ်မှာ ဒေါ်လာ ၆၅၀ နဲ့ ဝယ်ပြီး သိမ်းထားခဲ့တာပါ။
ဒီလို Apple-1 ကွန်ပြူတာပေါင်း ၂၀၀ ခန့်သာ ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပြီး အခုထက်ထိ အလုပ်လုပ်နေတဲ့ ကွန်ပြူတာကတော့ တစ်ကမ္ဘာလုံးမှာ ၂၀ မကျော်တော့ဘူးလို့ဆိုပါတယ်။
ဒီကွန်ပြူတာဟာ နည်းပညာပစ္စည်းတွေ စိတ်ဝင်တစားသိမ်းဆည်းချင်တဲ့ လူတွေကြားမှာ အတော်စိတ်ဝင်စားကြတယ်လို့ဆိုပါတယ်။
ကိုကား – New York Post
You must log in to post a comment.