iOS ဟာ အဖက်ဖက်က ပြည့်စုံနေပေမယ့် Android လို Open Source မဟုတ်ပါဘူး။ အရှင်းဆုံး ဥပမာကိုပြရရင် Jailbreak မလုပ်ဘဲနဲ့ App တွေကို Side-load မလုပ်နိုင်သလို Third-party App Store တွေ ထည့်သွင်းလို့ မရပါဘူး။
အခုတော့ Apple CEO Tim Cook က အင်တာဗျူး ၁ ခုမှာ App တွေကို Side-load လုပ်ချင်သူတွေဟာ Android Device ပြောင်းကိုင်သင့်တယ်လို့ ပြောလိုက်ပါတယ်။ သူက Apple ဟာ လုံခြုံရေးကို အမြင့်ဆုံး ကာကွယ်ပေးထားတာပါလို့ ပြောပါတယ်။ Cook က Side-load လုပ်တယ်ဆိုတာ လုံခြုံရေး လေအိတ်နဲ့ ခါးပတ် မပါတဲ့ ကားကို စီးရသလိုပါပဲလို့ ဥပမာပေးပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်ကပဲ Apple ရဲ့ Software Engineering ဌာနမှ အကြီးတန်း ဒုတိယ ဥက္ကဌ Craig Federighi က App Store ပြင်ပကနေ App တွေကို အင်စတော လုပ်တာဟာ Malware တွေ ပြည့်နေတဲ့ Pandora’s Box ကို ဖွင့်ရသလိုပဲလို့ ပြောခဲ့ပါတယ်။ Apple အရင်က ဖြန့်ချိထားတဲ့ စစ်တမ်း ၁ ခုအရ Android မှာ Malware ကူးစက်နိုင်ခြေဟာ iOS ထက် ၁၅ ဆကနေ ၄၇ ဆအထိ မြင့်မားတယ်လို့ သိရပါတယ်။
Apple ဟာ iOS Device တွေမှာ App Store ကနေပဲ App တွေကို အင်စတောလုပ်လို့ရအောင် ကန့်သတ်ထားတာပါ။ ဒါပေမယ့်လည်း iOS User တချို့က တခြား Sources တွေကနေ App တွေကို အင်စတောလုပ်ချင်နေကြတာပါ။ အဲဒီလို လူတွေကို Apple က Android ပြောင်းကိုင်ဖို့ အကြံပေးနေတာပါ။
စာဖတ်သူတွေရဲ့ iOS Device မှာ App တွေကို Side-load လုပ်တဲ့ သူတွေရှိရင် အမြင်တွေကို ပြောသွားပေးကြပါဦး။
Ref : gizchina
You must log in to post a comment.