Apple က Cryptocurrency ကို စဉ်းစားနေတယ်လို့ CEO Tim Cook ပြော

NYT Dealbook Conference က အင်တာဗျူး ၁ ခုမှာ Apple CEO Tim Cook က ကုမ္ပဏီဟာ Cryptocurrency ကို စဉ်းစားနေတယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် ချက်ချင်းလက်ငင်း အကောင်အထည်ဖော်ဖို့ အစီအစဉ် မရှိသေးဘူးလို့ သူက ပြောပါတယ်။ Apple က Cryptocurrency ကို အသုံးချမယ့် ဧရိယာတွေကိုတော့ Cook က ရှင်းရှင်းလင်းလင်း မပြောပေမယ့် Apple မှာ စီးပွားရေး လုပ်ငန်းများစွာ ရှိတဲ့အတွက် Cryptocurrency ကို အသုံးချနိုင်မယ့် နေရာတွေ ရှိလာနိုင်တယ်လို့ ပြောပြပါတယ်။

Apple Inc. Chief Executive Officer Tim Cook Interview

The New York Times က Cook ကို Bitcoin or Ethereum ပိုင်သလားလို့ မေးတဲ့အခါ သူက “ ပိုင်ပါတယ်။ တခြား လူတွေကိုတော့ ရင်းနှီးမြှပ်နှံဖို့ အကြံမပေးပါဘူး။ ကျွန်တော် Cryptocurrency ကို စိတ်ဝင်စားနေတာ တော်တော်ကြာပါပြီ။ “ လို့ ပြောပါတယ်။

Cook က သူ့ရဲ့ တစ်ကိုယ်ရေ အမြင်ကို ပြောပြပါသေးတယ်။ “ Apple ဟာ သူ့ထုတ်ကုန်တွေကို Cryptocurrency နဲ့ ရောင်းဖို့ မသင့်တော်သေးပါဘူး။ ဒါ့အပြင် Apple ဟာ Cryptocurrency မှာ ရင်းနှီးမြှပ်နှံဖို့ အစီအစဉ်လည်း မရှိသေးပါဘူး။ “ လို့ သူက ပြောပါတယ်။

လက်ရှိ Apple မှာ Cryptocurrency ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ မရှိသေးပါဘူး။ iPhone App Store မှာ Crypto Wallet App တွေကို ခွင့်ပြုထားပေမယ့် Mining App တွေကို ပိတ်ပင်ထားပါသေးတယ်။ Apple ဟာ Cryptocurrency ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို မိတ်ဆက်မယ်ဆိုရင်လည်း နှစ်များစွာ ကြာဦးမှာပါ။ Apple Pay အရာရှိ ၁ ယောက်က ကုမ္ပဏီဟာ နှစ်များစွာ ကြာမှ Cryptocurrency တွေဟာ အလားအလာကောင်းလာမယ်လို့ ရှုမြင်ထားကြောင်း ၂၀၁၉ ခုနှစ်က ပြောခဲ့ပါတယ်။

Ref : techcrunch , cnbc

%d bloggers like this: