Facebook ,Messenger, Instagram နဲ့ WhatsApp တို့ လိုင်းထပ်ကျပြန်ပြီ

Facebook ,Messenger, Instagram နဲ့ WhatsApp တို့ အမေရိကန်နဲ့ ဗြိတိန်မှာ လိုင်းထပ်ကျသွားခဲ့ပါတယ်။ Website တွေ လိုင်းကျတာကို တွက်ချက်ပေးတဲ့ DownDetector အရ Facebook ,Messenger, Instagram နဲ့ WhatsApp တို့ ဗြိတိန်မှာ လိုင်းကျသွားခဲ့တယ်လို့ သိရပါတယ်။

Facebook Messenger ဟာ မြန်မာစံတော်ချိန် သောကြာနေ့ နံနက် ၂ နာရီလောက်က လိုင်းကျသွားခဲ့တာ ဖြစ်ပြီး ၁၅ မိနစ်လောက်ကြာမြင့်ပါတယ်။ DownDetector မှာ အဲဒီအချိန်ကာလအတွင်း ဝင်ရောက်စမ်းသပ်သူ ၇၉၁၅ ယောက်ရှိခဲ့ပြီး အားလုံးအတွက် လိုင်းကျတယ်လို့ အဖြေထွက်ခဲ့ပါတယ်။

အမေရိကန်မှာ Instagram ကို အသုံးပြုလို့မရခဲ့ဘူးလို့ TechRadar က အတည်ပြုထားပြီး DownDetector ရဲ့ စာရင်းအရ ဗြိတိန်မှာ လိုင်းကျတဲ့အချိန်မှာပဲ အမေရိကန်မှာလည်း လိုင်းကျသွားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်မှာလည်း ၁၅ မိနစ်လောက်လိုင်းကျသွားခဲ့တယ်လို့ ၄၇၄၃ ယောက်ရဲ့ စမ်းသပ်မှုအရ သိရပါတယ်။

ဩစတြေးလျမှာလည်း အလားတူ လိုင်းကျမှုမျိုး ဖြစ်ပွားခဲ့ပုံပေါ်ပြီး အမေရိကန်နဲ့ ဗြိတိန်လောက် မဆိုးရွားဘူးလို့ သိရပါတယ်။

အဲဒီ ၃ နိုင်ငံမှာ Facebook , Messenger နဲ့ Instagram တို့ လိုင်းကျသွားခဲ့တာ သေချာပြီး WhatsApp လိုင်းကျသွားတာ အနည်းငယ်ပဲရှိတယ်လို့ သိရပါတယ်။ မကြာခင်ကလည်း အဲဒီ ဝန်ဆောင်မှု အားလုံးဟာ တစ်ကမ္ဘာလုံးမှာ လိုင်းကျသွားခဲ့ပါတယ်။

Ref : techradar

%d bloggers like this: