Facebook က Automatic Face Recognition ကို ပိတ်လိုက်ပြီ

Facebook က တစ်ကမ္ဘာလုံးကို အံ့အားသင့်စေတဲ့ သတင်းကို ကြေညာလိုက်ပါတယ်။ အဲဒါကတော့ Facial Recognition လို့ခေါ်တဲ့ မျက်နှာမှတ်သားတဲ့ နည်းပညာကို အသုံးပြုထားတဲ့ Automatic Face Tagging System ကို ပိတ်လိုက်တာပါ။ ဒီနည်းပညာက ဓါတ်ပုံတွေမှာ ပါတဲ့ မျက်နှာတွေကို ခွဲခြမ်းစိတ်ဖြာကာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ခွဲခြားပေးတာပါ။

Facebook Announces It Will Shut Down Facial Recognition System - ESIZNEWS

အရင်က Automatic Face Recognition မှာ ပါဝင်ထားသူတွေဟာ အခုကစပြီး ဓါတ်ပုံနဲ့ ဗီဒီယိုတွေမှာ Facebook က သူတို့ကို Tag လုပ်ပေးမှာ မဟုတ်တော့ပါဘူး။ ဒါ့အပြင် Facebook က သိမ်းထားတဲ့ မျက်နှာပေါင်း ၁ ဘီလီယမ်ကျော်ကို ဖျက်လိုက်ပြီလို့ ပြောပါတယ်။

Facebook shuts down its automatic face recognition, more than a billion saved faces deleted - TellForce Blog

အဲဒီအတွက် Facebook က လူတွေရဲ့ မျက်နှာတွေကို Memories , ဓါတ်ပုံနဲ့ ဗီဒီယိုတွေမှာ မှတ်မိတော့မှာ မဟုတ်ပါဘူး။ အဲဒီ လုပ်ဆောင်ချက်ကို ဖွင့်လို့လည်း မရတော့ပါဘူး။ Facebook က ပို့စ်တွေမှာ လူတွေကို ကိုယ်တိုင် Tag လုပ်ဖို့တော့ အားပေးထားပါသေးတယ်။ ဒါပေမယ့် အလိုအလျှောက် Tag လုပ်ပေးမှာ မဟုတ်တော့ပါဘူး။

Facebook က ဒီပြောင်းလဲမှုကို လာမယ့်ရက်သတ္တပတ်တွေအတွင်း ပြုလုပ်မှာ ဖြစ်ပြီး “ မျက်နှာအာရုံခံတဲ့ နည်းပညာကို အပြုသဘောဆောင်ဖို့ ဖန်တီးထားပေမယ့် မလိုလားအပ်တဲ့ လုံခြုံရေး ကိစ္စတွေ ရှိနေပါတယ်။ အထူးသဖြင့် နိုင်ငံများစွာက အစိုးရတွေကလည်း ဒီနည်းပညာနဲ့ပတ်သက်ပြီး ရှင်းလင်းပြတ်သားတဲ့ ဥပဒေတွေ မထုတ်ပြန်ရသေးပါဘူး။ “ လို့ ပြောပါတယ်။

Ref : gsmarena

%d bloggers like this: