Apple က ANC နဲ့ Spatial Audio ပါတဲ့ Beats Fit Pro ကို ကြေညာ

Apple AirPods 3 မှာ Active Noise Cancellation(ANC) မပါလာပေမယ့် ANC ပါတဲ့ Beats Fit Pro ကို Apple က ကြေညာလိုက်ပါတယ်။ အဲဒီ မော်ဒယ် ၂ ခုစလုံးမှာ Spatial Audio ပါလာပါတယ်။ Beats Fit Pro ဟာ True Wireless Headset ဖြစ်ပြီး လေ့ကျင့်ခန်း လုပ်ချိန်မှာတောင် နားထဲမှာ အံဝင်ခွင်ကျ ဖြစ်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ IPX4 ရေနဲ့ ချွေးစိုခံ စံနှုန်း ထောက်ပံ့ထားပါတယ်။

သီချင်း၊ ရုပ်ရှင်နဲ့ ဂိမ်းအတွက် ဦးခေါင်းကို အာရုံခံနိုင်တဲ့ လုပ်ဆောင်ချက်နဲ့အတူ Spatial Audio ထောက်ပံ့ထားပါတယ်။ AirPods မှာလိုပဲ Apple H1 Chip မောင်းနှင်ထားပြီး တူညီတဲ့ ဖုန်းကို Headset ၂ ခုနဲ့ချိတ်ကာ သီချင်းနားထောင်နိုင်တဲ့ Audio Sharing အပါအဝင် တူညီတဲ့လုပ်ဆောင်ချက်တွေ ပါလာပါတယ်။

Beats Fit Pro မှာ ANC သို့မဟုတ် Transparency Mode  ဖွင့်ထားရင် သီချင်း ၆ နာရီ နားဆင်နိုင်ပါတယ်။ အဲဒါတွေ ပိတ်ထားရင် ၇ နာရီ အသုံးခံပါတယ်။ Carrying Case က နားကြပ်ကို ၃ ကြိမ် အားသွင်းပေးနိုင်ပြီး Fast Fuel က ၅ မိနစ်အားသွင်းရင် ၁ နာရီ သီချင်းနားထောင်နိုင်ပါတယ်။ USB-C ကနေ အားသွင်းရမှာ ဖြစ်ပြီး ဘူးထဲမှာ အရွယ်အစား ၃ မျိုးရှိတဲ့ ဆီလီကွန် ထိပ်ဖူးတွေ ထည့်သွင်းထားပါတယ်။

Beats Fit Pro ကို အမေရိကန်မှာ ဒေါ်လာ ၂၀၀ နဲ့ ဝယ်ယူနိုင်ပြီ ဖြစ်ပြီး မြန်မာငွေ ၃၆၀,၀၀၀ လောက်ကျသင့်မှာပါ။ နိုဝင်ဘာလ ၅ ရက်နေ့မှာ ပို့ဆောင်ပေးမှာ ဖြစ်ပြီး တခြားနိုင်ငံတွေမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena

%d bloggers like this: