SpO2 Sensor ပါတဲ့ Redmi Smart Band Pro ကို ကြေညာ

သတင်းများစွာ ပေါက်ကြားနေတဲ့ Redmi Smart Band Pro ကို ကြေညာလိုက်ပါပြီ။ Redmi Smart Band ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး လုပ်ဆောင်ချက်  အသစ်တွေ ပါလာပါတယ်။ Redmi Smart Band Pro မှာ ၁.၄၇ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 2.5D Tempered Glass နဲ့ ကာကွယ်ထားပါတယ်။ ကိုယ်ထည်ကို နိုင်လွန်၊ ပလတ်စတစ်နဲ့ တည်ဆောက်ထားပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။ လက်ပတ်ကြိုးကို ဆီလီကွန်နဲ့ ဖန်တီးထားပါတယ်။

Redmi Smart Band Pro announced with 1.47'' OLED display

Accelerometer, Gyroscope နဲ့ PPG Heart Rate Monitor တွေ ထောက်ပံ့ထားပြီး SpO2 Sensor က ကိုဗစ် ကာလမှာ အရမ်း အသုံးဝင်ပါတယ်။ Workout အမျိုးအစားပေါင်း ၁၁၀ ကျော်ကို တွက်ချက်ပေးနိုင်ပြီး Professional Mode ပေါင်း ၁၅ ခု ပါပါတယ်။

Redmi Smart Band Pro announced with 1.47'' OLED display

200mAh ဘက်ထရီ တပ်ဆင်ထားပြီး သာမာန် သုံးရင် ၁၄ ရက်နဲ့ Power Saving Mode နဲ့သုံးရင် ရက် ၂၀ အသုံးခံပါတယ်။

Redmi Watch 2 Lite ကိုလည်း ကြေညာလိုက်ပြီး လေးထောင့်မျက်နှာပြင် ပါလာပါတယ်။ ၁.၅၅ လက်မ LCD 320x360p မျက်နှာပြင် တပ်ဆင်ထားပြီး GPS ထောက်ပံ့ထားကာ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။

Redmi Smart Band Pro announced with 1.47'' OLED display, Watch 2 Lite tags along

262mAh ဘက်ထရီက သာမာန် သုံးရင် ၁၀ ရက်နဲ့ အလွန်အကျွံသုံးရင် ၅ ရက် အသုံးခံပါတယ်။ GPS Mode နဲ့သုံးရင် ၁၄ နာရီ အသုံးခံပါတယ်။

Redmi က အဲဒီ Device တွေရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gsmarena

%d bloggers like this: