120Hz AMOLED နဲ့ 120W Fast Charging ပါတဲ့ Redmi Note 11 Pro နဲ့ Note 11 Pro+ ကို ကြေညာပြီ

Xiaomi က တရုတ်မှာ Redmi Note 11 Pro နဲ့ Note 11 Pro+ ကို ကြေညာလိုက်ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ ၆.၆၇ လက်မ FHD+ Samsung AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 360Hz Touch Sampling Rate ပါတဲ့အတွက် ဂိမ်းကစားရင် အရမ်းလန်းပါတယ်။ အရွယ်သေး Punch Hole မှာ 16MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

Dimensity 920 SoC ပါတဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်ပြီး VC Liquid Cooling က အပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ထောင့်စွန်းတွေဟာ ပြားချပ်တဲ့ ဒီဇိုင်း ဖြစ်ပြီး အနောက်ဘက်ကို AG Glass နဲ့ ဖုံးအုပ်ထားပါတယ်။

Redmi Note 11 Pro နဲ့ Note 11 Pro+ မှာ 108MP Samsung HM2 Sensor တပ်ဆင်ထားပြီး 9-in-1 Pixel Binning နည်းပညာ ပါပါတယ်။ ကြည်လင်ပြတ်သားပြီး Noise လျှော့ချပေးတဲ့ Dual Native ISO ထည့်သွင်းထားပြီး Low Light မှာတောင် ပုံထွက် အရမ်း ကောင်းပါတယ်။ 8MP Ultrawide နဲ့ 2MP Telemacro ကင်မရာ ၂ လုံးနဲ့ အားဖြည့်ထားပါတယ်။

blank

Note 11 Pro မှာ 5160mAh ဘက်ထရီ၊ 67W Fast Charging နဲ့ Note 11 Pro+ မှာ 4500mAh ဘက်ထရီနဲ့ 120W Fast Charging ပါလာပါတယ်။ Note 11 Pro+ ကို ၁၅ မိနစ်အားသွင်းရင် ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Redmi Note 11 Pro and Note 11 Pro+ specifications

  • 6.67-inch FHD+ (1080×2400 pixels) AMOLED display with 120Hz refresh rate, DCI-P3 color gamut, 1200nits peak brightness, Corning Gorilla Glass 5 protection
  • Octa Core (2 x 2.5GHz Cortex-A78 + 6 x 2GHz Cortex-A55 CPUs) MediaTek Dimensity 920 6nm processor with Mali-G68 MC4 GPU
  • 6GB / 8GB LPDDR4X RAM with 128GB UFS 2.2 internal storage / 8GB LPDDR4X RAM with 256GB UFS 2.2 internal storage
  • Android 11 with MIUI 12.5
  • Dual SIM (nano + nano)
  • 108MP rear primary camera with Samsung HM2 sensor, 8MP 120° ultra-wide angle camera, 2MP telemacro macro camera with f/2.4 aperture
  • 16MP front camera
  • Side-mounted fingerprint sensor
  • 3.5mm audio jack, 1115 super-linear speakers with a max amplitude of 0.65mm, SOUND BY JBL, Dolby Atmos
  • 5G SA / NSA, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5.1, GPS + GLONASS, USB Type-C, NFC
  • Note 11 Pro – 5160mAh (typical) with 67W fast charging
  • Note 11 Pro+ – 4500mAh (typical) battery with 120W fast charging

Redmi Note 11 Pro အတွက် Mysterious Black, Forest Green, Timeless Purple နဲ့ Milky Way Blue (Glossy) အရောင်တွေ ထုတ်လုပ်ထားပြီး 6/128GB ကို ၁၅၉၉ ယွမ်၊ 8/128GB ကို ၁၈၉၉ ယွမ်နဲ့ 8/256GB ကို ၂၀၉၉ ယွမ် သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၄ သိန်း ၅ သောင်းလောက် တန်ကြေးရှိပါတယ်။

Redmi Note 11 Pro+ အတွက် Mysterious Black, Forest Green နဲ့ Timeless Purple အရောင်တွေ ထုတ်လုပ်ထားပြီး 6/128GB ကို ၁၈၉၉ ယွမ်၊ 8/128GB ကို ၂၀၉၉ ယွမ်နဲ့ 8/256GB ကို ၂၂၉၉ ယွမ် သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၅ သိန်း ၃ သောင်းလောက် ကျသင့်မှာပါ။ တရုတ်မှာ နိုဝင်ဘာလ ၁ ရက်နေ့ ရောင်းချမှာပါ။

Ref : fonearena

%d bloggers like this: