Xiaomi က တရုတ်မှာ Redmi Note 11 5G ကို ကြေညာလိုက်ပြီး ၆.၆ လက်မ FHD+ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 90Hz Variable Refresh Rate ပါတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှု ကောင်းမွန်ပြီး Content အလိုက် Refresh Rate ကို ပြောင်းပေးနိုင်တဲ့အတွက် ဘက်ထရီစားတာ သက်သာပါတယ်။
Dimensity 810 Chipset မောင်းနှင်ထားပြီး 5G ထောက်ပံ့ပါတယ်။ 16MP Punch-hole ကင်မရာ ၁ လုံးကို အရှေ့ဘက်မှာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP နဲ့ 8MP Ultrawide ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။ 8GB RAM အထိ ရွေးချယ်နိုင်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။ အနောက်ဘက်ကို ပလတ်စတစ်နဲ့ တည်ဆောက်ထားပြီး X-axis Linear Motor တပ်ဆင်ထားပါတယ်။
33W Fast Charging ထောက်ပံ့ထားတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာပြီး ၆၂ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။
Redmi Note 11 5G specifications
- 6.6-inch (1080 × 2400 pixels) Full HD+ 20:9 LCD screen with 50/60/90Hz variable refresh rate
- Octa Core MediaTek Dimensity 810 6nm processor (Dual 2.4GHz Cortex-A76 + Hexa 2GHz Cortex-A55 CPUs) with Mali-G57 MC2 GPU
- 4GB / 6GB / 8GB LPDDR4X RAM with 128GB (UFS 2.2) storage / 8GB LPDDR4X RAM with 256 GB (UFS 2.2) storage
- Android 11 with MIUI 12.5
- Dual SIM (nano + nano)
- 50MP rear camera with f/1.8 aperture, LED Flash, 8MP ultra-wide camera with f/2.2 aperture
- 16MP front-facing camera with f/2.45 aperture
- Splash resistant (IP53)
- Side-mounted fingerprint sensor, IR sensor
- 3.5mm audio jack, stereo speakers
- Dimensions: 163.56×75.78×8.75mm; Weight: 195g
- 5G SA/NSA, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5.1, GPS, USB Type-C
- 5000mAh (Typical) / 4900mAh (minimum) battery with 33W fast charging
Redmi Note 11 5G အတွက် Mysterious Black, Milky Way Blue နဲ့ Mint Green အရောင်တွေ ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး 4/128GB ကို ၁၁၉၉ ယွမ် သတ်မှတ်ထားပါတယ်။ 6/128GB ကို ၁၂၉၉ ယွမ်၊ 8/128GB ကို ၁၄၉၉ ယွမ်နဲ့ 8/256GB ကို ၁၆၉၉ ယွမ် သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၃ သိန်း ၃ သောင်းလောက် ကျသင့်မှာပါ။
Ref : fonearena
You must log in to post a comment.