Xiaomi ဟာ နောက်ထွက်မယ့် Redmi Note 11 Series တွေကို ပရိုမိုးရှင်း စလုပ်နေပါပြီ။ အခုလည်း Redmi Note 11 Pro မှာ Dimensity 920 6nm Chipset ထည့်သွင်းထားမယ်လို့ သတင်းပေးလိုက်ပါတယ်။ အဲဒီ Chip ဟာ AnTuTu v9 Benchmark မှာ ၅၀၀,၀၀ မှတ်ကျော်ရထားတဲ့အတွက် စွမ်းရည်မြင့်မားပါတယ်။
အဲဒီဖုန်းမှာ အပူချိန်လျှော့ချပေးဖို့ အရွယ်ကြီး Vapor Cooling Chamber ၁ ခု တပ်ဆင်ထားမှာပါ။ Xiaomi က Redmi Note 11 Pro ရဲ့ ဒီဇိုင်းကိုလည်း မျှဝေလိုက်ပြီး တရုတ် နာမည်ကြီး Celebrity တွေက အဲဒီဖုန်းကို ကိုင်ထားတာကို ဓါတ်ပုံတွေမှာ မြင်ရပါတယ်။
Xiaomi ဟာ Redmi Note 11 Pro မှာ 108MP Main ကင်မရာ ထည့်သွင်းထားမယ်လို့ အရင်က သတင်းပေးထားပါတယ်။ 120W Fast Charging ကြောင့် အားသွင်းနှုန်း အရမ်း ကောင်းမှာ ဖြစ်ပေမယ့် ဘက်ထရီ ပမာဏကို မသိရသေးပါဘူး။
Xiaomi က Redmi Note 11 Series တွေကို အောက်တိုဘာလ ၂၈ ရက်နေ့မှာ ကြေညာမယ်လို့ သိရတဲ့အတွက် မနက်ဖြန့်မှာ ဖုန်း ဒီဇိုင်းကို မျက်ဝါးထင်ထင် မြင်ရတော့မှာ ဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ လုပ်ဆောင်ချက် အားလုံးကို မနက်ဖြန်မှာ တရားဝင် သိရတော့မှာ ဖြစ်ပါတယ်။
Ref : gsmarena
You must log in to post a comment.